တန်ဖိုးရှိလွန်းသောစာ ဖတ်ကြည့်ပါ – ကိုယ့်ကိုယ်ကို ဖျက်ဆီးသူများတွင် ရှိတတ်သော စရိုက် လက္ခဏာများ

ကိုယ့်ကိုယ်ကို ဖျက်ဆီးသူများတွင် ရှိတတ်သော စရိုက် လက္ခဏာများ

၁။” လောဘကြီးလွန်းခြင်း”

သင့်တင့်တဲ့ လောဘသို့ အပြုသဘောဆောင်တဲ့ မကျေနပ်မှုရှိခြင်းဟာ တိုးတက်ပြောင်းလဲမှုအတွက်
အားပေးသော အချက်ဖြစ်သော်လည်း တစ်ချို့လူများဟာ လွန်ကဲတဲ့ အတ္တလောဘစိတ်ကြောင့် လမ်းမှားကို
ရောက်သွားတတ်ကြပါတယ်

၂။ “အချိန်မလေးစားခြင်း”

တစ်စုံတစ်ဦးနဲ့ ချိန်းဆိုရာမှာပဲ ဖြစ်ဖြစ်၊ အလုပ်ကိစ္စတစ်ခုခုကို အပြီးသတ်ရာမှာပဲ ဖြစ်ဖြစ် အချိန်မလေးစားမှုဟာ ရေရှည်မှာ ကိုယ့်ကိုယ် ဂုဏ်သိက္ခာကျဆင်းပြီး လူအများ၏ လေးစားမှုကို ကျဆင်းစေပါလိမ့်မယ်

၃။” အကောင်းမြင်စိတ် မရှိခြင်း”
အချို့သော အခြေအနေတွေဟာ အကောင်းမြင်လို့ မရလောက်အောင် ဆိုးတယ်လို့ သင်ထင်လိမ့်မယ်။
ဒါပေမယ့် အဲဒီအချိန်မှာ အခြားသောကောင်းတဲ့ အဓိပ္ပာယ်ဘာရှိနေသေးလဲဆိုတာ သင်ရှာဖွေကြည့်ရမယ်

၄။” အားနာခြင်း ”
ဘာပဲလုပ်လုပ် သင်သွားချင်လို့၊ စားချင်လို့၊ လုပ်ချင်လို့ပဲ လုပ်ပါ။ အခြားသူကို အားနာလို့ လုပ်ပေးတယ်ဆိုပြီး မကျေမချမ်းဖြစ်နေတတ်ခြင်းဟာ အဓိပ္ပာယ်မရှိပါ

၅။” ဒေါသကြီးခြင်း”
အချို့သောသူများဟာ လမ်းဘေးက ခွေးဟောင်လည်း စိတ်တိုသလို မိုးရွာနေပူရင်လည်း စိတ်တိုတတ်ကြတယ်။
အဲဒီအထဲမှာ သင်မပါ ပါစေနဲ့။ ဘာမဟုတ်တာလေးနဲ့စိတ်တိုတတ်တာဟာ ပတ်၀န်းကျင်ကို အနှောက်အယှက်ဖြစ်စေသလို သင့်ကိုလည်း အသက်တိုစေနိုင်ပါတယ်။

၆။ “လောင်းကစား ကျူခြင်း”
လောင်းကစားလုပ်ခြင်းဟာ သင်တစ်ဦးတည်း မဟုတ်ပဲ သင့်မိသားစု ပတ်၀န်းကျင်ကိုပါ အောက်ကို
ဆိုးဆိုးဝါးဝါး ဆွဲချသွားစေနိုင်ပါတယ်။

၇။” အပျင်းကြီးခြင်း”
သင်အပျင်းကြီးနေသမျှ ကာလပတ်လုံး လူတောကောင်းကောင်း မတိုးနိုင်တော့ဘူးဆိုတာကို သင်သိထားရင် အပျင်းမကြီးပါနဲ့။ အချိန်နဲ့ အလုပ်ပြီးအောင် လုပ်ပါ။

၈။ “ကျန်းမားရေး မလိုက်စားခြင်း”
သေတဲ့သူတွေဟာ ထပ်ပြီး ဘာမှ မလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် သင်ဘာကိုပဲ လုပ်နေ လုပ်နေ ဆက်လက်အသက်ရှင်ဖို့ လူအများကို ကူညီနိုင်ဖို့ ကျန်းမာရေးကို လိုက်စားပါ။ လွယ်ပြီး ထိရောက်တာလေးတွေကနေ စပါ။

၉။” မာနကြီးခြင်း”
သင်မာနကြီးရင် သင်ယူလို့ မရတော့ဘူး ဖြစ်လာမယ်။ မာနကြီးရင် အခြားသူတွေကို သင်နဲ့ အတူ အလုပ်လုပ်ဖို့
အကူအညီမတောင်းနိုင်ဘူး ဖြစ်လာမယ်။ ကျဉ်းမြောင်းတဲ့အမြင်တွေကို စွန့်လွှတ်လိုက်ခြင်းက သင့်ကို ပိုပြီး တန်ဖိုး တက်လာပါစေလိမ့်မယ်။

၁၀။” အမှားအမှန်မခွဲခြားနိုင်ခြင်း”
သင်ဗဟုသုတနည်းတဲ့အခါ အမှားအမှန်ကို မသိဘူး ဖြစ်လာမယ်။ အဲဒါကြောင့် စာများများ ဖတ်ပါ၊
ဘာသာတရား အဆုံးအမတွေကိုလည်း လေ့လာပါ။

၁၁။” အယုံလွယ်ခြင်း ”
ချမ်းသာနည်းတို့ အောင်မြင်နည်းတို့ ပေးမယ်လို့ဆိုရင် သင်သတိထားရတော့မယ်။ လွယ်လွယ်နဲ့
စျေးပေါပေါနဲ့ တစ်ခုခု ရတော့မယ်ဆိုရင် သင်အလိမ်ခံရနိုင်တယ်ဆိုတာကို သတိလေးထားပြီး လေ့လာကြည့်ပါ။

၁၂။” ကတိ မတည်ခြင်း”
ကတိမတည်တဲ့သူကို ဘယ်သူမှ ခေါင်းဆောင်မတင်ချင်ဘူး။ ကတိမတည်တဲ့သူဆီက ဘယ်သူမှ မ၀ယ်ချင်ဘူး။ အဲဒါကြောင့် သင့်လုပ်ငန်းကို အောင်မြင်ချင်ရင် ကတိတည်ပါ။

၁၃။” အသုံးအဖြုန်းကြီးခြင်း”
လိုအပ်တဲ့နေရာမှာ သုံးပါ၊ မလိုအပ်တဲ့နေရာတွေမှာ မဖြုန်းပါနဲ့ ။ ဖြုန်းတာများရင် သုံးရမယ့်နေရာတွေမှာပါ
မသုံးနိုင်တော့ဘူး ဖြစ်လာလိမ့်မယ်။

၁၄။” အပေါင်းအသင်း မှားခြင်း”
Jim Ron က ပြောတယ်။ သင်အများဆုံးတွဲတဲ့ လူ ၅ ယောက်ရဲ့ ပျှမ်းမျှအတိုင်း သင်ဖြစ်လာလိမ့်မယ်။
အဲဒါကြောင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းပါ။ဆင်းရဲချမ်းသာထက် အကျင့်စာရိတ္တနဲ့ ကြိုးစားအားထုတ်မှုကို အခြေခံပြီး ရွေးချယ်ပါ။

၁၅။” စည်းကမ်း မရှိခြင်း”
စိတ်အားတက်ကြွမှုရှိရင် လူတစ်ယောက်ဟာစပြီးသွားတယ်။ စည်းကမ်းရှိရင် ဝေးဝေးကို သွားနိုင်တယ်။ အဲဒါကြောင့် သင့်ကိုယ်သင် စည်းကမ်းတွေ သတ်မှတ်ထားပါ။ သင်ကိုယ်တိုင်ပဲ ထိန်းသိမ်းပါ။

၁၆။” အပျော်အပါး မက်လွန်းခြင်း”
လူငယ်တွေဆိုရင် အပျော်အပါးနဲ့ ကင်းချင်မှ ကင်းမယ်။ ဒါပေမယ့် အကယ်၍ သင်အပျော်အပါးပဲ လုပ်တာများနေရင် တိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်မပေးနိုင် ဖြစ်လာပါလိမ့်မယ်။

၁၇။” မူးယစ်ဆေးဝါး သုံးစွဲခြင်း”
မူးယစ်ဆေးဝါးသုံးစွဲတာဟာ ဥပဒေကြောင်းအရ ရင်ဆိုင်ရရုံမျှမက ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အကုန်ထိခိုက်စေတာမို့ သင့်ကိုယ်သင် ပျက်စီးအောင် လုပ်တာနဲ့ တူတူပါပဲ။

၁၈။” သံသယစိတ် များလွန်းခြင်း”
ယုံလွယ်လွန်းတာဟာ ပြဿနာဖြစ်သလို သံသယ များလွန်းတော့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။
သံသယစိတ်နဲ့ ဟိုစွပ်စွဲ ဒီစွပ်စွဲလုပ်တဲ့အခါမှာ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ မိသားစုနဲ့ ကိုယ်ရေးကိုယ်တာဘ၀မှာ ဖြစ်ဖြစ် အဆင်မပြေမှုတွေ ဖြစ်လာပါလိမ့်မယ်။

၁၉။” မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း”
ကိုယ့်ကိုယ်ကိုယ် အထင်သေးလွန်းရင် လူရာမ၀င်တော့သလို အထင်ကြီးလွန်းတော့လည်း တခြားသူတွေကို
နှိမ်ချင်သလို ဖြစ်လာပါလိမ့်မယ်။

၂၀။” ဆုံးဖြတ်ချက် မပြတ်သားခြင်း”
သင်နိစ္စဓူ၀ ဟိုလိုလို ဒီလိုလိုနဲ့ မပြတ်သားကြတဲ့သူတွေ တွေ့ရလိမ့်မယ်။ အဲဒီလိုလူတွေဟာ ထိရောက်မှု
မရှိတဲ့သူတွေ ဖြစ်ပါတယ်။

၂၁။” လုံ့လဝိရိယ အားနည်းခြင်း”
သင်လိုချင်တဲ့ ရည်မှန်းချက်က မြင့်တယ် မဟုတ်လား။ အဲဒါကို သာမန်လောက် ကြိုးစားအားထုတ်မှုနဲ့
ရလာမှာ မဟုတ်ဘူး။ အသားကုန် ကြိုးစားမှ သင်ရည်မှန်းတာတွေ ဖြစ်လာလိမ့်မယ်။

၂၂။” ပြုပြင်ပြောင်းလဲလိုစိတ် မရှိခြင်း”
တိုးတက်မှုနဲ့ ပြောင်းလဲမှုဟာ ဒွန်တွဲနေတယ်။ Transformation လို့ ပြောရင် တိုးတက်ပြောင်းလဲမှုလို့
နားလည်ရမယ်။ ပြောင်းလဲလိုစိတ် မရှိရင် တိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။

၂၃။” လေ့လာသင်ယူမှု မရှိခြင်း”
လေ့လာသင်ယူမှုဟာ စစ်မြေပြင်ကို ထွက်မယ့် စစ်သူကြီးကို လက်နက်တပ်ဆင်ပေးသလိုပါပဲ။
သင်များများလေ့လာလေလေ ပိုပြီး အောင်မြင်ဖို့အလားအလာများလေလေပါပဲ။ သင်ဘာစာအုပ်တွေ
ဖတ်လဲ၊ ဘာသင်တန်းတွေ တက်လဲ။

၂၄။” နှမြောလွန်းခြင်း”
ချွေတာတတ်တာဟာ ကောင်းတဲ့အမူအကျင့်ဖြစ်တယ်။ နှမြောလွန်းရင်တော့ သင်ရှာဖွေထားတာတွေကို
အသုံးမချတတ်သလို ဖြစ်လာမယ်။ သုံးသင့်တဲ့နေရာမှာ သုံးပါ။

၂၅။” အစွန်းရောက် လွန်းခြင်း”
သင်မှန်တယ်လို့ မြင်တဲ့အရာတွေဟာ တစ်ခါတစ်ရံမှာ သင်မြင်တာပဲ ဖြစ်နိုင်ပြီး တကယ့်အမှန်တရား
ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အခြားသူတွေ ဘယ်လိုမြင်တယ်၊ ဘာကြောင့် မြင်တယ်ဆိုတာကို
လေ့လာမယ်ဆိုရင် သင်အမြင်ကျယ်တဲ့ သူတစ်ဦး ဖြစ်လာပါလိမ့်မယ်။

၂၆။” ရည်မှန်းချက် မရှိခြင်း”
ရည်မှန်းချက် မချမှတ်ထားတဲ့ ဖြစ်ချင်စိတ်ဟာ ရောက်ချင်ရာ ရောက်ဖို့ကို ဦးတည်စေပါတယ်။
သင့်လုပ်ငန်း၊ ဘ၀၊ အလုပ်အကိုင်၊ မိသားစုအားလုံးအတွက် ရည်မှန်းချက် တိတိကျကျ ချမှတ်ထားပါ။

၂၇။” မိမိကိုယ်ကိုယ် သုံးသပ်မှုမရှိခြင်း”
လူတိုင်းလူတိုင်းဟာ အချိန်ကာလတစ်ခုရောက်တိုင်းမှာ ခဏရပ်တန့်ပြီး ကိုယ်ဘာတွေ လိုအပ်နေတယ်ဆိုတာကို
ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အဲဒီလိုသုံးသပ်မှုဟာ သင့်ကို ပိုမိုမြင့်မားတဲ့ အသိဥာဏ်တွေကို ရရှိပါစေလိမ့်မယ်။
၂၈။” တာဝန်ယူမှု/တာဝန်ခံမှု မရှိခြင်း”
ခေါင်းဆောင်မှုကို သွားမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း တာ၀န်ယူမှု တာ၀န်ခံမှု လိုလာပါတယ်။ အဲဒီလို မဟုတ်ပဲ အခြားသူတွေကို လက်ညှိူးထိုးနေသမျှ ကာလပတ်လုံး ထောင်ချောက်မိနေတဲ့ သားကောင်တစ်ကောင် ညည်းတွားနေသကဲ့သို့ အခက်အခဲကနေ လွန်မြောက်မည့်နည်းကို ရှာတွေ့နိုင်မည် မဟုတ်သကဲ့သို့ နောက်ထက်အောင်မြင်မှု အဆင့်ကိုလည်း ရရှိလာမှာ မဟုတ်ပါဘူး။

၂၉။” ပူပေါင်းဆောင်ရွက်လိုစိတ် မရှိခြင်း”
စိတ်နေသဘောထားကောင်းပြီး အရည်အချင်းရှိသူတွေ အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုမရှိတာကြောင့် လုပ်နိုင်စွမ်းအားတွေ အကန့်အသတ်ဖြစ်ကြရတာတွေ ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒါကြောင့် လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ကသူများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သင့်ရဲ့ လုပ်ဆောင်မှုများ ပိုမိုထိရောက်လာပါလိမ့်မယ်။

၃၀။” တစ်ကိုယ်ကောင်းဆန်ခြင်း”
အတ္တစိတ်လွန်ကဲခြင်းဟာ လူအများနဲ့ ကင်းကွာခြင်းရဲ့အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ သင့်ဖက်ကိုသာ
သင်ကြည့်နေသမျှ ကာလပတ်လုံး ပတ်၀န်းကျင်ကသူတွေနဲ့ ကင်းကွာနေမှာ ဖြစ်ပြီး သူတို့ကို
ကောင်းကောင်းမွန်မွန် ဦးဆောင်လာနိုင်မည် မဟုတ်ပါ။

၃၁။” ကိုယ်ချင်းစာစိတ် မရှိခြင်း”
လူမှုဆက်ဆံရေးမှာ ရွှေစည်းကမ်းဆိုတာ ရှိပါတယ်။ အဲဒါကတော့ သင့်ကို လာလုပ်ရင် သင်မကြိုက်သောအရာကို အခြားသူများကို မလုပ်ဖို့ ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ် ဆိုတာဟာ ခေါင်းဆောင်တွေမှာ ရှိသင့်တဲ့ အခြေခံ
စိတ်နေစိတ်ထား ဖြစ်ပါတယ်။

၃၂။” အလိုက် မသိခြင်း”
အလိုက်ကန်းဆိုးနားမလည်ခြင်း၊ အခြေအနေကို မကြည့်ပဲ လုပ်ချင်ရာ လုပ်ခြင်းတို့ကြောင့် သင့်အပေါ် လူတွေ အထင်အမြင်သေးနိုင်ပြီး လူမှုဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။အကယ်၍ သင်သာ အရိပ်အကဲနားလည်လာအောင် ကြိုးစားလာမယ်ဆိုရင် လူချစ်လူခင်များလာပြီး လူအများကို သြဇာညောင်းတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။တိုးတက်ပြောင်းလဲမှုဆိုတာဟာ သင့်ရဲ့ သိစိတ်ဖြင့်
ရွေးချယ်မှုသာ ဖြစ်ပါတယ်။

 

credit to original writer

Be the first to comment

Leave a Reply

Your email address will not be published.


*