
အောက်စီဂျင်ပိုက်နဲ့ အိပ်ရာထဲတွင်လှဲနေရသည့် လူမမာသခင်ရင်ခွင်ထဲကို မျက်ရည်များဖြင့် တိုးဝှေ့ကာ အမြဲအဖော်ပြုပေးနေသည့် ခွေးလိမ္မာလေး မော်မော်
ခွေးကလေးများသည် သူတို့ကို အစာတစ်နပ်ကျွေးဖူးသည့် ကျေးဇူးရှင်ကို တစ်သက်လုံးမမေ့သကဲ့သို့ သခင်အပေါ်တွင်လည်း သစ္စာအရှိဆုံးသော တိရိစ္ဆာန်လေးတွေဖြစ်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံတွင် မော်မော်လို့အမည်ပေးထားတဲ့ ခွေးကလေး၏ သစ္စာရှိမှုဟာ လူတိုင်း၏ရင်ကို လှုပ်ခပ်စေခဲ့တာဖြစ်ပါတယ်။
ခွေးကလေး၏သခင်ဖြစ်သူအမျိုးသားဟာ သွေးတိုးနှင့်နှလုံးရောဂါကြောင့် အောက်စီဂျင်ပိုက်တပ်ထားရပြီး အိပ်ရာထဲတွင် လဲနေခဲ့ရတာဖြစ်ပါတယ်။ထိုအခါ ခွေးကလေးဟာ သခင်ဖြစ်သူနေမကောင်းဖြစ်နေမှန်းရိပ်မိသွားခဲ့ပြီး မျက်ရည်များကျကာ သခင်၏ဘေးကနေ တစ်စက္ကန့်မှမခွာဘဲ အဖော်ပြုပေးနေခဲ့တာဖြစ်ပါတယ်။
ခွေးကလေးဟာ သခင်၏ရင်ခွင်ထဲသို့ ခေါင်းလေးတို့ဝှေ့ရင်း အမြန်နေကောင်းလာစေရန် မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။
zaw gyi
Leave a Reply