အောင်မြင်သူတွေ အမြဲတမ်း ဘာကြောင့် စိတ်အားထက်သန်နေရတာလဲ.?

Motivation (စိတ်အားထက်သန်မှု)ဆိုတဲ့ အရာဟာ အောင်မြင်မှုအတွက် အလွန်အရေးပါပါတယ်။ဒါပေမယ့် အမြဲတမ်းစိတ်အားထက်သန်နေဖို့ ဆိုတာဟာ သိပ်တော့မလွယ်ကူလှပါဘူး။ဒါကြောင့်အောင်မြင်သူတွေရဲ့ အမြဲတမ်းစိတ်အားထက်သန်အောင် နေထိုင်နည်းတွေကို ဝေမျှပေးချင်ပါတယ်။
(၁)ဘာကြောင့်လဲဆိုတဲ့ Why ဆိုတာကို အမြဲအဖြေရှာပါ

စိတ်အားထက်သန်နေတဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဘာကြောင့် ဒါတွေကိုလုပ်နေရတာလဲဆိုတဲ့ Why ဆိုတဲ့အမေးလိုပါတယ်။ကိုယ့်ရဲ့ရည်မှန်းချက် ပန်းတိုင်ကို မသိတဲ့သူတွေအဖို့တော့ အဲ့ဒီနေရာကိုရောက်အောင်သွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ကိုယ်က ဘယ်အရာအပေါ် စိတ်အားထက်သန်လဲ ၊ ဘာကြောင့်ဒီအရာက ကိုယ့်ကို စိတ်အားထက်သန်စေတာလဲဆိုတာကို သိဖို့တော့လိုပါတယ်။

(၂)အမြဲတမ်း အိမ်မက်ကြီးကြီးမက်ပါ

ကိုယ့်ဘဝအတွက် အမြဲတမ်းမြင့်မြင့်တွေး ၊ရည်မှန်းချက်မြင့်မြင့်ထားပြီး အိမ်မက်အကြီးကြီးမက်ပါ။ဘာလို့လဲဆိုတော့ သင်ယုံကြည်ထားတဲ့အတိုင်း သင်ဖြစ်လာနိုင်ပါတယ်။
(၃)အသစ်တီထွင်ဖန်တီးမှုတွေ ပြုလုပ်ပါ

ပထမအကြိမ်မှာ ရှုံးနိမ့်လိုက်တာနဲ့ လက်မြှောက်အရှုံးပေးဖို့ စဉ်းစားနေပြီလား.?ပထမအကြိမ်မှာ မှားယွင်းမှုတွေရှိခဲ့ပါ လိမ့်မယ်။ဒါကြောင့်နောက်တစ်ကြိမ်မှာ အဲ့လိုအမှားတွေကိုမရှိအောင် ပြန်လည်ပြင်ဆင်ပါ။စာရေးသူတို့ဟာ တစ်ကြိမ်တည်းနဲ့တော့ အောင်မြင်မှုရနိုင်မှာမဟုတ်ပါဘူး။

(၄)လုပ်ပါ

အမြဲတမ်း Active ဖြစ်နေဖို့အရေးကြီးပါတယ်။အောင်မြင်တဲ့သူတွေဟာ အောင်မြင်ပြီးရင်း အောင်မြင်နေပါတယ်။ အကြောင်းကတော့သူတို့ဟာ စဉ်းစားရင်းနဲ့အချိန်ကုန်နေတာမျိုးမဟုတ်ပဲ အမြဲတမ်းလက်တွေ့ဆောင်ရွက်နေလို့ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*