ဆံပင်ပျော့ဆေး (CONDITIONER) နဲ့ပတ်သက်လို့ သင်လုံး၀ မသိသေးတဲ့ အရာများ

ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေး (conditioner) သုံးကိုသုံးပေးသင့်တယ်ဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူး။ အဲ့ဒီဆံပင်ပျော့ဆေးကနေ ကိုယ့်ဆံသားအတွက် ကောင်းကျိုးပြုတဲ့အရာတွေ အများကြီးပါ။ သင်လည်း သိပြီးဖြစ်မှာပါ။ ဒါပေမယ့် သင်လုံးဝမသိသေးတဲ့ ဆံပင်ပျော့ဆေးအကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။

၁။ပုံသွင်းဖို့ လွယ်ကူပါတယ်။

ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေးက ဆံပင်သားထဲ ရောက်သွားတာပဲဖြစ်ဖြစ်၊ ကုန်စင်အောင် မလျှော်နိုင် ခဲ့ရင်တောင် သင့်ဆံပင်သားကို ခပ်ထူထူနဲ့လှိုင်းတွန်းပုံစံမျိုးလိုချင်သူတွေအတွက်တော့ အိုကေပါပဲ။ အခြောက်ခံပြီး ဆံပင်အုံကို ပိုထူအောင် ခေါင်းဖြီးချလိုက်ရုံနဲ့ အထာကျတဲ့ ဆံပင်ပုံစံကို ရနိုင်ပါတယ်။

၂။ခေါင်းမလျှော်ခင် ဆံပင်ပျော့ဆေးကို အရင်သုံးပါ။

ဒီလိုပြောလိုက်လို့ ဟင်ခနဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်ဆံသားကျွမ်းကျင်ပညာရှင်တွေ ကတော့ ခေါင်းလျှော ပြီး ဆံပင်ပျော့ဆေးသုံးတဲ့အခါ ရေနဲ့စင်အောင် ပြန်လျှော်နိုင်ဖို့ ခက်ခဲတာကြောင့် ဆံပင်သား ပိုမိုလှပစေဖို့ ပိုမိုကျန်းမာစေဖို့ ဆံပင်ပျော့ဆေးသုံးပြီးမှ ခေါင်းလျှော်ဖို့ လိုပါတယ်တဲ့။

၃။ဆံပင်ပျော့ဆေးအမျိုးစားကို မသုံးခင် ကိုယ့်ဆံပင်နဲ့ အဆင်ပြေမပြေ သေချာလေ့လာပါ။

တွေ့ရာ ဆံပင်ပျော့ဆေးကို ကောက်သုံးလိုက်မယ်ဆိုရင် သင့်ဆံပင်သားကျန်းမာရေးအတွက် ရှော့ခ် နည်းနည်းရှိပါတယ်။ သင့်ဆံပင်က ပါးတယ်ဆိုရင် အုံထူသလိုဖြစ်စေတဲ့ ဆံပင်ပျော့ဆေးရှိပါတယ်။ ဒီလိုပဲ ဆံပင်က အုံထူတယ်ဆိုရင် ဖြောင့်စင်းသွားစေမယ့် ဆံပင်ပျော့ဆေးမျိုး သုံးသင့်ပါတယ်။ အဆီနည်းတဲ့ များတဲ့ စသဖြင့် အမျိုးမျိုး ဆံပင်ပျော့ဆေးမှာ ရှိတာကြောင့် သေချာရွေးချယ်သင့်ပါတယ်။

၄။ဆံပင်အရင်းကို ပျော့ဆေးမသုံးသင့်ပါ။

ခေါင်းလျှော်တဲ့အခါ ဆံပင်အရင်းကို ရှန်ပူထည့်ပြီး သေချာသုံးသင့်ပေမယ့် ပျော့ဆေးသုံးမယ်ဆိုရင်တော့ ဆံပင်အဖျားပိုင်းကို ပိုအားဖြည့်ပေးသင့်ပါတယ်။

၅။ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပျော့ဆေး ထည့်သုံးပါ။

ခေါင်းနေ့တိုင်းလျှော်ရင် ဆံပင်သားတွေခြောက်သွေ့စေတာမှန်ပေမယ့် တကယ်လို့ လျှော်ခဲ့မယ်ဆိုရင်တော့ ဆံပင်ပျော့ဆေး မသုံးမဖြစ်သုံးပါ။ ခေါင်းလျှော်တိုင်း ပျော့ဆေးသုံးပေးဖို့ လိုပါတယ်။

၆။ဆံပင်ပျက်စီးစေတဲ့ ဆံပင်ပျော့ဆေး အမျိုးအစားတွေ ရှောင်ပါ။

ဆံပင်ပျော့ဆေးတိုင်းဟာ ဆံပင်သားကို အားဖြည့်ပေးရုံသာမက ပိုမိုပြောင်လက်စေတယ်ဆိုပေမယ့် ဆီလီကွန်ပါတဲ့ ဆံပင်ပျော့ဆေးတွေ ရှိနေတာကြောင့် ဝယ်ခါနီးရွေးချယ်တဲ့အခါ ဆီလီကွန်မပါ တဲ့ ပျော့ဆေးမျိုးကို ရှာဝယ်ပါ။

၇။ကိုယ်နဲ့တည့်တဲ့၊ အဆင်ပြေတဲ့ ဆံပင်ပျော့ဆေးကို တစ်သက်လုံး သုံးနိုင်ပါတယ်။

ကိုယ်နဲ့အဆင်ပြေပြီးသား ဆံပင်ပျော့ဆေးအမျိုးအစားကို ခဏခဏပြောင်းလဲနေဖို့ မလိုပါဘူး။ တစ်သက် လုံးသုံးသွားလို့ရပါတယ်။ ဒါပေမယ့် ရှန်ပူကိုသာ သေချာဂရုစိုက်ရွေးချယ်ရမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*