အဓိပ္ပာယ် မှားယွင်းနေတဲ့ တက်တူးကို ထိုးခဲ့တဲ့သူ

လူတစ်ယောက်ဟာ အဓိပ္ပာယ် မှားနေတဲ့ တက်တူးတစ်ခုကို ပိုင်ဆိုင်လိုက်ရပါတယ်။ ဒါဟာ တက်တူးဆရာ ကြောင့်မဟုတ်ပါဘူး။ သူကိုယ်တိုင် ပေါ့ဆခဲ့လို့ပါ။

စစ်မှုထမ်းဟောင်း တစ်ယောက်ဟာ သူ့ရဲ့ လက်ဖျံမှာ ဟီဘရူး ဘာသာစကားနဲ့ ရေးထားတဲ့ စာလုံး ၃ လုံးကို တက်တူးထိုးပြီး ရေးသားခဲ့ပါတယ်။ သူထင်ခဲ့တာကတော့ သူ့လက်ဖျံက တက်တူးရဲ့ အဓိပ္ပာယ်ဟာ “Strength” ခွန်အားပါတဲ့။

သူ့တက်တူးကို သူ ဂုဏ်ယူနေပေမယ့်လည်း လော့အိန်ဂျလိစ် မြို့သား Sruli Schochet ကwalmart စတိုးမှာ ထိုတက်တူးကို သတိထားမိပြီး မေးမြန်းကြည့်တဲ့အခါမှာမှ ဇာတ်လမ်းက စခဲ့တာပါ။

ထို တက်တူးရဲ့ အဓိပ္ပာယ်အမှန်က Strength မဟုတ်ပါဘူး။ Matzoh လို့ခေါ်တဲ့ ဘီစကွတ်မုန့် တစ်မျိုးဖြစ်ပြီး အီဂျစ်လက်အောက်ကနေ လွတ်မြောက်မှု အထိမ်းအမှတ် ဂျူးပွဲတော်မှာ စားလေ့ရှိတဲ့ ရိုးရာမုန့် တစ်မျိုးရဲ့ အမည်ဖြစ်နေပါတယ်။

Sruli ဟာ ထိုတက်တူးပိုင်ရှင်ကိုတော့ သူ့ရဲ့ အမှားကို မပြောပြခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအကြောင်းတွေကို Facebook မှာ တင်ခဲ့ရာမှာတော့ ပြန်လည် ဝေမျှခဲ့သူ ၄၈၀၀ ကျော်ထိရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Sruli က ထိုလူအနေနဲ့ ထို တက်တူးကို ဖယ်ရှားလိုပါက သူ့အနေနဲ့ အလှုငွေရှာပေးပြီး ကူညီပေးချင်တယ်လို့လည်း ဆိုပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*