ဘေးအိမ်က အိမ်ထောင်ရှိတဲ့အမျိုးသမီးနဲ့ဖောက်ပြန်ဖို့ အိမ်အောက်မှာလိုဏ်ဂူ တူးခဲ့တဲ့အမျိုးသား

Mexico နိုင်ငံ Villas del Prado မြို့ရဲ့ Tijuana ရပ်ကွက်မှာ Alberto အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ အိမ်နီးနားချင်းရှိ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးနှင့် အချစ်ဇာတ်လမ်းရှိနေတဲ့အပြင် Alberto ဟာ သူ့ရဲ့အိမ်အောက်မှာလျှို့ဝှက် ဥမင်လိုဏ်ခေါင်းကိုဖောက်ပြီး သူချစ်ရတဲ့ အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ Jorge တို့ရဲ့အိမ်နှင့် ဆက်သွယ်ထားတဲ့ ဥမင်လိုဏ်ခေါင်းလမ်းကြောင်းတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။

သူမရဲ့ခင်ပွန်းဖြစ်သူ Jorge ရဲ့ လုံခြုံရေးအလုပ်မဖြစ်တဲ့အချိန်မှာ Alberto က သူမအား အခက်အခဲမရှိ လည်ပတ်နိုင်ရန်အတွက် တည်ဆောက်ထားတာပါ။ တစ်နေ့ ခါတိုင်းအချိန်ထက် အိမ်ကိုစောပြီးပြန်လာခဲ့တဲ့ Jorge ဟာ သူ့အား လှည့်စားနေတဲ့စုံတွဲရဲ့ဟန်ဆောင်မူကို ကိုယ်တိုင် ဖမ်းမိခဲ့ပါတယ်။ Jorge ဟာ သူတို့ရဲ့ကုတင်အောက်ကို စစ်ဆေးကြည့်ပေမဲ့ Alberto ကို ရှာမတွေ့ခဲ့ပါဘူး။ထို့နောက် အိပ်ရာနောက်ကွယ်မှာ ပုန်းနေခဲ့တဲ့

Albertoကို မပျောက်သွားခင် လျှပ်တပြက် မြင်လိုက်တော့ Jorge က သူတို့ရဲ့အိပ်ရာအနီးသို့ဦးတည်သွားပြီး အိပ်ရာနားကအပေါက်တစ်ပေါက်ကို တွေ့ခဲ့ရပါတယ်။ Jorge က ထိုအပေါက်မှဆင်းပြီးနောက် Alberto အိမ်သို့ဦးတည်တဲ့လမ်းကြောင်းတစ်ခုကို တွေ့ခဲ့ရပါတယ်။

မီဒီယာများမှ ထုတ်ပြန်ခဲ့တဲ့ ဥမင်လိုဏ်ခေါင်းရဲ့ဝင်ပေါက်ဓာတ်ပုံတွေအရ Alberto ရဲ့လုပ်ရပ်က ဆရာကျလွန်းနေခဲ့ပါတယ်။ Alberto ဟာ သူ့ဇနီးထံမှအချစ်ရဖို့အတွက် ကြိုးစားနေတာကြောင့် Jorge အား သူမနဲ့ ကွာရှင်းပေးဖို့တောင်းပန်ခဲ့ပေမယ့် လိမ်လည်ခံလိုက်ရတဲ့ Jorge က ဘယ်သူ့ကိုမှရမှာမဟုတ်ကြောင်း နှင့် သူ့ဇနီးရဲ့ချစ်မြတ်နိုးရသူနဲ့လည်း တိုက်ပွဲဝင်လို့ရကြောင်း ဆိုခဲ့ပါတယ်။

ထို့နောက် ရဲများက ၎င်းအခင်းဖြစ်ပွါးရာနေရာသို့ရောက်လာပြီး အခြေအနေကိုရှုပ်ထွေးသွားစေတဲ့ Alberto ကို ဖမ်းခေါ်သွားခဲ့ကြပါတယ်။

 

source:mckzone

Be the first to comment

Leave a Reply

Your email address will not be published.


*