“Gentleman” ရုပ်ရှင်ကားအသစ်မှာ တွဲဖက်သရုပ်ဆောင်ဖို့အတွက် လက်ခံလိုက်ကြပြီဖြစ်တဲ့ Joo Ji Hoon နဲ့ Han So Hee

Wavve ထုတ်လုပ်ရေး ကနေ “Gentleman” လို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားအသစ်ရိုက်ကူးသွားမျာဖြစ်ပြီး ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားကြရတဲ့ မင်းသား Joo Ji Hoon နဲ့ မင်းသမီး Han So Hee တို့က ကမိးလှးချက် ကိုလက်ခံလိုက်ပြီလို့ သိရပါတယ်။ ဇာတ်ကား ရိုက်ကူးရေးကိုတော့ အခုလာမယ့် ဩဂုတ်လထဲမှာ စတင်မှာဖြစ်တယ်။

ဒီရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသား Joo Ji Hoon က လူသတ်မှုနဲ့မှားယွင်းစွဲချက်အတင်ခံထားရတဲ့ ပုဂ္ဂလိကစုံစမ်းစစ်ဆေးရေးမှူး Ji Hyun Soo အဖြစ်ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပြီး Han So Hee ကတော့ Ji Hyun Soo မှာ အပြစ်မရှိကြောင်းကို တစ်ပတ်အတွင်းစုံစမ်းရှာဖွေဖော်ထုတ်ပေးမယ့် အစိုးရရှေ့နေ Kim Hwa Jin အဖြစ် သရုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Wavve ထုတ်လုပ်ရေးရဲ့ထုတ်ပြန်ချက်မှာ ဒီရုပ်ရှင်ဇာတ်ကားကို လာမယ့်2022 မေလမှာ ရုံတင်ပြသမှာဖြစ်ပြီး ထုတ်လွှင့်ပြီးသွားရင် အချိန်မကြာပဲ ဖျော်ဖြေရေး plattform အသီးသီးကနေ ဖြန့်ချိသွားဖို့အတွက် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ Joo Ji Hoon နဲ့ Han So Hee တို့နှစ်ယောက်ကို ရုပ်ရှင်ဇာတ်ကားအသစ်မှာ အဓိကဇာတ်ကောင်တွေအဖြစ် မြင်တွေ့ရတော့မှာဖြစ်တဲ့အတွက် ဒီသတင်းဟာ ပရိသတ်တွေကြား ဟော့ဖြစ်နေပါတယ်။ အမိုက်စားမင်းသားနဲ့ အလန်းစား မင်းသမီးလေးဆိုတော့ စောင့်ကြည့်ရတန်စေမယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်လာဦးမှာ အသေအချာပါပဲ။


Ref:soompi

Be the first to comment

Leave a Reply

Your email address will not be published.


*