တောထဲ ၄၁နှစ်ကြာ နေထိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ မိန်းမတွေ နေထိုင်တည်ရှိခြင်းကိုပင် မသိခဲ့သော အမျိုးသား (ရုပ်သံ)

ဗီယက်နမ်နိုင်ငံ Quang Ngai ပြည်နယ် တေထရာခရိုင်ရှိ တောနက်ထဲ၌ နှစ်ပေါင်း ၄၁နှစ်ကြာသည်ထိ နေထိုင်ခဲ့သော အမျိုးသားသည် အပြင်လောကကြီးအကြောင်းလည်း မသိရှိရပဲ အသက်တွေကြီးခဲ့ရခြင်းက နှမြောစရာကောင်းလှသည်။

အမျိုးသားသည် ဖခင်ဖြစ်သူမှာ စစ်ပွဲဖြစ်စဥ်က ဇနီးနှင့်ကျန်သည့် သားသမီးတွေကို ဆုံးရှုံးလိုက်ရပြီး သူ့အားခေါ်ဆောင်ကာ တောထဲတွင် အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်။


ထို့ကြောင့် အမျိုးသားသည် လူတွေနှင့် မထိတွေ့ဖူးသည့်အပြင် ကမ္ဘာပေါ်တွင် မိန်းကလေးအမျိုးသမီးများ တည်ရှိနေခြင်းကိုလည်း မသိခဲ့ရပါ။

တောထဲ၌ နေခဲ့စဥ် သစ်သီး၀လံများ ပျားရည် ကြွက် မြွေ အိမ်မြှောင် စသဖြင့် မြင်တွေ့သည်များကို စားသောက်ပြီး ဝမ်းစာဖြည့်ခဲ့သည်။

 

 

တောထဲ ၄၁နှစ်ကြာ နေထိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ မိန်းမတွေ နေထိုင်တည်ရှိခြင်းကိုပင် မသိခဲ့သော အမျိုးသား (ရုပ်သံ)

 

ကံကောင်းချင်၍ ကယ်ဆယ်ရေးသမားများနှင့်တွေ့ခဲ့ပြီး ရွာထဲသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ အမျိုးသားသည် အသက်ကြီးပြီဖြစ်သော်လည်း စဥ်းစားတွေးခေါ်နိုင်စွမ်းမရှိပဲ ကလေးသာသာဖြစ်နေခဲ့သည်။





 


 


 

Be the first to comment

Leave a Reply

Your email address will not be published.


*