
ဗီယက်နမ်နိုင်ငံမှ Phan Hang အမည်ရှိသော အသက် ၂၀အရွယ် မိန်းကလေးသည် အထက်တန်းကျောင်းတက်စဥ်တွင် သူမဧ။် အသားအရေနှင့် အသံကွဲပြားမှုနှင့် ပက်သက်ပြီး အမြဲလိုလို ခွဲခြားဆက်ဆံသည့်အပြင် တစ်နေ့တစ်မျိုး မရိုးရသည့် နာမည်ပြောင်များနှင့် ခေါ်ဆိုလှောင်ပြောင်ခြင်းများ ခံခဲ့ရသည်။
မိန်းကလေးသည် သူမဧ။်ရုပ်ရည်နှင့်ပက်သက်ပြီး အပေါင်းအသင်းမလုပ်ချင်ကြ၍ သူငယ်ချင်းလေးတစ်ယောက်ပင် မရှိခဲ့ပဲ အမြဲအထီးကျန်နေကာ ကျောင်းသို့မသွားရဲလောက်ထိကို စိတ်ထိခိုက်ခံစားခဲ့ရသည်။
နောက်ဆုံးတွင် မိန်းကလေးသည် အရွယ်ရောက်လာသောအခါ သွေးသားအပြောင်းအလဲများအပြင် ခေတ်မီသော မိတ်ကပ်လိမ်းခြယ်နည်းများကို လေ့လာခဲ့ပြီး ပြောင်းလဲခဲ့ရာ မယုံနိုင်လောက်အောင် ချစ်စရာကောင်းပြီး ချောမောလှပသောမိန်းကလေးအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ယခုအခါမိန်းကလေးသည် ဓာတ်ပုံမော်ဒယ်တစ်ဦးဖြစ်လာပြီး နောက်လိုက် ငါးသိန်းနှင့်အတူ ရပ်တည်နေနိုင်ပြီဖြစ်သည်။
Leave a Reply