မှုခင်း drama သစ်တွင် သရုပ်ဆောင်ဖို့ ဆွေးနွေးနေသည့် Lee Kwang Soo

Lee Kwang Soo ရဲ့ အေဂျင်စီ ဖြစ်တဲ့ King Kong by Starship မှ Lee Kwang Soo သည် ‘Murderer’s Shopping List’ ဆိုတဲ့ ဒရာမာတစ်ခုမှာ ပါဝင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဇွန်လ 29 ရက်နေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

‘Murderer’s Shopping List’ကို အခြေခံကာ ရိုက်ကူးသွားမှာ ဖြစ်ပြီး သာမန်ရပ်ကွက်ထဲရှိး ကလေးများ အနိုင်ကျင့်မှုနှင့် အိမ်နီးချင်းများအကြား အငြင်းပွားခြင်း စတဲ့ာ ကိစ္စတွေအပြင် သ အမျိုးမျိုးသော ရာဇဝတ်မှုများနှင့် အန္တရာယ်ရှိသော အခြေအနေအမျိုးမျိုးကို ရိုက်ကူး ပုံဖော်သွားဖို့ဖြစ်ကြောင်း ဖော်ပြထားတာပါတယ်။


Lee Kwang Soo အနေနဲ့ အလွန်ထူးကဲသော အသေးစိတ် မှတ်နိုင်စွမ်းရှိသည့် ဉာဏ်ရည်ရှိသူ ၊ မတရားမှုနှင့် ရင်ဆိုင်ရသောအခါ မထွက်ပြေးတတ်တဲ့ ၊စူပါမားကတ်မှ ငွေကိုင်တစ်ဦး ဖြစ်သည့် Ah Dae Sung ဇာတ်ကောင်အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ် ။

Lee Kwang Soo က လက်ခံ ဖြစ်ခဲ့ရင် (Live) ဇာတ်လမ်းတွဲအပြီး ပထမဆုံး ပြန်လည် သရုပ်ဆောင်မဲ့ ဒရာမာဇာတ်လမ်းတွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ လတ်တလောကတော့ Lee Kwang Soo က 11နှစ်ကြာ ပါဝင်ခဲ့သည့် “Running Man” ကနေ နှုတ်ထွက်ထားတာလည်း ဖြစ်ပါတယ်။

ref:allkpop

Be the first to comment

Leave a Reply

Your email address will not be published.


*