ဖတ်ကြည့်ပါ မီးဖိုချောင်ဆိုတာ မိန်းမနဲ့ပဲဆိုင်တာမဟုတ်ပါ မီးဖိုချောင်ဝင်တဲ့ မိန်းမကို အလေးထားပါ

မီးဖိုချောင်အလုပ်ဆို လူတိုင်းအထင်သေးတယ်။မိဘနဲ့လင်ယောကျ်ားလိုလူတောင်
ကိုယ့်ကိုမလေးစားဘူး။တချို့မိဘဆို မီးဖိုချောင်ကိစ္စတာဝန်ယူတဲ့သားသမီးနဲ့ ပိုက်ဆံပေးတဲ့ သားသမီးမှာ ပိုက်ဆံပေးတဲ့သူပဲ မိဘဆီမျက်နှာရတယ်။

ယောကျ်ားဆိုတဲ့အမျိုးလည်းမေးကြည့် အိမ်မှုကိစ္စလုပ်တဲ့မိန်းမနား သာယာလား ။KTV က စော်တွေနား သာယာသလားလို့။အိမ်မှုကိစ္စဟာ ကိုယ့်တစ်ယောက်တည်းအတွက် သီးသန့်လုပ်နေတာမျိုးမဟုတ်ဘူး။အိမ်ရှိလူတွေတွက် တစ်ယောက်တည်းကနေအများမလုပ်ချင်တဲ့ ကိစ္စတွေကို ဒိုင်ခံဆောင်ရွက်တာပဲဖြစ်တယ်။

မီးဖိုချောင်မှာ အလုပ်လုပ်လို့အကောင်းဆုံးဆိုတာတွေ ရွေးမစားဘူးထမင်းအအေးနဲ့ အပူ ပေါင်းထားရင်တောင် အကျန်အအေးနွေးထားတဲ့ဟာကို
အိမ်ရှင်တွေစားတယ်။ အိမ်သားတွေကိုအကောင်းပဲကျွေးတာ။ဟင်းမလောက်ရင် သူတို့ကိုအရင်စားခိုင်းတယ် ပိုရင်စားတယ် မပိုရင်ခေါက်ဆွဲပြုတ်နဲ့ညားတယ်။အိမ်သာလူတိုင်းတက်တယ် လူတိုင်းမဆေးချင်ဘူး။

လူတိုင်းမဆေးချင်တဲ့အိမ်သာကိုအိမ်ရှင်မဆေးရတယ်။ လူတိုင်းမလုပ်ချင်တဲ့ အညစ်ကြေးတွေကို အိမ်ရှင်မတွေ မီးဖိုဝင်တဲ့သူတွေ ဆေးကြောသန့်စင်ရတယ်။လူတိုင်းပြီးစလွယ် ပွစာလန် ထားခဲ့တဲ့ပန်းကန်ပေတွေ တနင့်တပိုး ဆေးရတယ်။မိုးရွာရွာနေပူပူ နေကောင်းကောင်းမကောင်းကောင်း ဈေးသွားရတယ်။ ဟင်းမထပ်အောင်ချက်ရတဲ့သောကရှိတယ်။

စဉ်းစားကြည့်ပါ တစ်နေ့တစ်နေ့ ဘာချက်ရမလဲဆိုတဲ့မေးခွန်းတွေက တစ်ကယ်တမ်း ခက်ခဲတယ်ဆိုတာ လုပ်ဖူး စဉ်းစားဖူးတဲ့သူတွေပဲသိပါလိမ့်မယ်။ ပိုက်ဆံလည်းမရ
အချိန်ကုန်ပြီး ဒီအလုပ်တွေနဲ့လုံးပမ်းနေတဲ့သူဟာ ဘာကြောင့်ပါလဲ?
အဖြေက တစ်ခုတည်းပါ ချစ်ခြင်းမေတ္တာကြောင့်ပါပဲ။
ဒါပေမဲ့ ချစ်ခြင်းမေတ္တာဆိုတာမျိုးက ငွေကိုမတော်လှန်နိုင်ခဲ့ပါဘူး။
ချစ်ခြင်းမေတ္တာတွေဟာဘယ်နေရာမှာမှ နေရာမရခဲ့ပါဘူး။ချစ်ခြင်းမေတ္တာတွေဟာ
အမြဲလိုလို မျက်နှာငယ်ရပါတယ်။ တစ်ကယ်တော့ချစ်ခြင်းမေတ္တာဆိုတာလည်းဝဋ်တစ်မျိုးပါပဲ။ ကိုယ်ချင်းစာတတ်ကြပါစေ ။

Credit Eaint Myat Noe Wint

Be the first to comment

Leave a Reply

Your email address will not be published.


*