တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများနှင့် အကြံပြုချက်များ

တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်အကြာတွင်
သာမန်အအေးမိအဖျားနှင့်ဆင်တူသည် ၊ လည်ချောင်းအနည်းငယ်နာသည်
ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ ၊ပုံမှန်အတိုင်း အစားအသောက်မပျက်

ကူးစက်ခံရပြီး ၄ ရက်မြောက်နေ့တွင်

အာသီးအနည်းငယ်ယောင်သည် ၊စကားပြောလျှင် လည်ချောင်း နာလာသည်။
ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်နေတတ်သည်။သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

ကူးစက်ခံရပြီးနောက် ၅ ရက်မြောက်နေ့တွင်
လည်ချောင်းနာနေမည် ၊ပင်ပန်းနွမ်းနယ်နေမည် ၊ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည် ၊အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

 

ကူးစက်ခံရပြီး ၆ ရက်မြောက်နေ့တွင်
ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည် ၊ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည် ၊စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း နာကျင်နေမည် ၊အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည် ၊ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။ ခြေချောင်းများ နာကျင်လာမည် ။ ဝမ်းလျှော၍ အော့အန်မည်။

ကူးစက်ခံရပြီး ၇ ရက်မြောက်နေ့တွင်
ကိုယ်အပူချိန် 37.4-37.8C ရှိလာသည် ၊ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ ထွက်နေမည် ၊ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမည်၊အပြင်းအထန် ဝမ်းလျှောမည်၊အော့အန်မည်။

ကူးစက်ခံရပြီး ၈ ရက်မြောက်နေ့တွင်

ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်၊အသက်ရှူရန် အခက်အခဲဖြစ်လာသည်။ချောင်းအဆက်မပြတ်ဆိုးမည်။ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

ကူးစက်ခံရပြီး ၉ ရက်မြောက်နေ့တွင်
ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။အပြင်းအထန် အဖျားတက်လာမည်။အချို့ရောဂါလက္ခဏာများ သက်သာလာမည်။သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ဒီအချက်အလက်များကို ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ခြင်းဖြစ်ပါသည်။

အကြံပြုချက်များ အနေဖြင့်
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ
မိဘပြည်သူများ ဂရုစိုက်ကြပါ

ပြန်လည်မျှဝေပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*