သရုပ်ဆောင် ပွဲဦးထွက်ကို Song Joong Ki နှင့်အတူ သရုပ်ဆောင်ပွဲမယ့် Girls ‘Generation အဖွဲ့ဝင် Tiffany

JTBC ရဲ့ Chaebol Family’s Youngest Son ဆိုတဲ့ဇာတ်လမ်းမှာ Girls ‘Generation အဖွဲ့ဝင် Tiffany ဟာ Song Joong Ki နှင့်အတူ သရုပ်ဆောင်ပြီး သူမရဲ့ ဒရမ်မာ ပွဲဦးထွက်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

SPOTV မှ သတင်းအရ Tiffany Young ဟာ သူမရဲ့ K-Drama ပွဲဦးထွက်ကို JTBC ရဲ့လာမည့် ဒရမ်မာ Chaebol Family’s Youngest Son ဖြင့် စတင်မှာ ဖြစ်ပြီး အဲဒီ drama ဟာ Web novel ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

10 နှစ်ကျော် သစ္စာရှိခဲ့ပေမယ့် ငွေကြောင့် စွပ်စွဲခံရကာ အသတ်ပါခံခဲ့ရပြီး ထိုမိသားစုမှာပဲ အငယ်ဆုံးအဖြစ် ပြန်လည် မွေးဖွားလာတဲ့ ဇာတ်ကောင် အကြောင်း ဖြစ်ပါပြီး မိသားစုတစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာအပြင် လက်စားချေတာလည်း မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

Tiffany Young ရဲ့ ပထမဦးဆုံး ဇာတ်ကောင်က တော့ မိသားစုရဲ့ အငယ်ဆုံး သမီးအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ သူမဟာ မိသားစုရဲ့ ကိုရီးယား – အမေရိကန် သမီးတစ်ယောက် အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။

လတ်တလောထိ အခြားသရုပ်ဆောင််တွေဖြစ််တဲ့ Song Joong Ki၊Lee Sung Min နှင့် Shin Hyun Bin တို့ဟာ Chaebol Family’s Youngest Son မှာ ပါဝင် သရုပ်ဆောင်ဖို့ ဆွေးနွေးနေဆဲလို့ သိရပါတယ်။

source:allkpop

Be the first to comment

Leave a Reply

Your email address will not be published.


*