July မှာ နာမည်ကြီး Idol တွေရဲ့ Comebackများစွာ မြိုင်ဆိုင်စွာ ခံစားရတော့မှာပါ

၂၀၂၁ ခုနှစ်အတွက် အားလုံးမျှော်လင့်နေကြတဲ့ နာမည်ကျော် Idol တွေရဲ့ Comeback ကို မြိုင်မြိုင်ဆိုင်ဆိုင် ခံစားရဖို့ ရှိနေပါတယ်။ ဘယ်သူတွေ Comeback မှာလဲ ဆိုတာ ကြည့်ကြည့်လိုက်ပါဦး ။

 

Soyeon ((G)I-DLE)
(G)I-DLE အဖွဲ့ဝင် Soyeon ရဲ့ Solo Comeback ကို ဇူလိုင်လ (၅) ရက်နေ့မှာ မြင်တွေ့ရမှာ ဖြစ်ပြီး သူမရဲ့ ပထမဆုံး Mini Album Windy ကို ထုတ်ဝေသွားမှာဖြစ်ပြီး ခေါင်းစီးသီချင်းနာမည်ကတော့ Beam Beam ဖြစ်ပါတယ်။

Kyuhyun (Super Junior)
နွေရာသီကို ကိုယ်စားပြုမဲ့ Super Junior အဖွဲ့ဝင် Kyuhyun ရဲ့ Comeback ကိုလည်း ဇူလိုင်လ (၅) ရက်နေ့မှာ ခံစားရမှာဖြစ်ပါတယ်။

BTS
နာမည်ကျော် BTS အဖွဲ့ကလည်း ARMY Fandam (၈) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ Single Album ထုတ်ဝေသွားမှာ ဖြစ်ပြီး ဒီ Butter Album မှာ သီချင်းသစ်တွေလည်း ပါဝင်သွားဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

Minzy

Minzy ရဲ့ Comeback ကိုလည်း ဇူလိုင် (၁၁) ရက်နေ့မှာ ထွက်မှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မေလအတွင်း Lovely သီချင်းထွက်ရှိပြီးနောက် Solo အနေနဲ့ ပထမဆုံး Comeback လည်း ဖြစ်ပါတယ်။

နောက်ထပ် စိတ်လှုပ်ရှားစရာတွေကတော့ SNSD အဖွဲ့ခေါင်းဆောင် Taeyeon ရဲ့ Comeback ၊ EXO အဖွဲ့ဝင် D.O.နဲ့ BLACKPINK အဖွဲ့ဝင် Lisa တို့ရဲ့ Solo Debut တို့ကိုလည်း ဇူလိုင်လအတွင်း ရောက်ရှိလာဖွယ်ရှိမယ်လို့ ယူဆရပေမယ့် သက်ဆိုင်ရာ Agency တွေက တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး


source: allkpop

 

Be the first to comment

Leave a Reply

Your email address will not be published.


*