လက်ထပ်ချင်တဲ့ အိမ်ထောက်ဖက်ပုံစံနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေမြင့်တက်နေတဲ့ Park Seo Joon

လတ်တလောအွန်လိုင်းအသုံးပြုသူပရိသတ်တွေအကြားမှာ မင်းသား Park Seo Joon နဲ့ပတ်သတ်ပြီး လူပြောများနေတဲ့ အကြောင်းအရာတစ်ခုကတော့ သူ စိတ်ကူးထားတဲ့ ဘ၀လက်တွဲဖော်ရဲ့ပုံစံပဲဖြစ်ပြီး ဒီအကြောင်းကို သူက လွန်ခဲ့တဲ့ ၇ နှစ်ပတ်ဝန်းကျင် ၂၀၁၄ ခုနှစ်လောက်တုန်းက အင်တာဗျူးတစ်ခုမှာပြောသွားခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက သူပြောခဲ့တာကတော့ သူ့ရဲ့စိတ်ကူးထဲက အိမ်ထောင်ဘက်ဟာ မိသားစုကိုအချိန်ပေးပြီး သေသေချာချာဂရုစိုက်ဖို့အတွက် အလုပ်မလုပ်ပဲ အိမ်မှာသာနေသင့်တယ်ဆိုတာပါပဲ။

“ကျွန်တော်ကိုယ်တိုင်က ဒီလိုမျိုးမိသားစုပုံစံထဲမှာ ကြီးပြင်းလာတာဆိုတော့ ကျွန်တော့်ကလေးတွေလည်း သူတို့အမေရဲ့ ပြုစုပျိုးထောင်မှုတွေကိုရရှိသင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး ကျွန်တော်ကြားဖူးတာက လူတစ်ယောက်ရဲ့ကလေးဘ၀က အဲဒီလူရဲ့ဘ၀တစ်သက်တာကိုပုံဖော်ပေးတာပဲတဲ့ .. အဲဒီတော့ ကောင်းကောင်းအချစ်မခံရတဲ့ ကလေးတစ်ယောက်က အရွယ်ရောက်လာတဲ့အခါကျရင် ပြဿနာတွေနဲ့ကြုံတွေ့မယ်လို့ ကျွန်တော်ထင်တယ်ဗျ…ပြောရရင် လူမှုဆက်ဆံရေးမကောင်းတာမျိုး၊ ဒါမှမဟုတ် အစွန်းရောက်လွန်းတာမျိုးပေါ့”

 

“ကျွန်တော့်အနေနဲ့ကတော့ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမှာဆိုပေမယ့် ကလေးတွေမှာက အမေလိုအပ်တယ်လေ … ဒီလိုမျိုးအတွေးက တခြားသူတွေအတွက်တော့ မှားကောင်းမှားလိမ့်မယ်ဆိုပေမယ့် ကျွန်တော့်အတွက်ကတော့ ဒါကအဖြေပဲဗျ ..” လို့ဆိုကာ Park Seo Joon က သူ့အနေနဲ့ ရည်မှန်းထားတဲ့ အိမ်ထောင်ဘက်အကြောင်းကို ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။

‘ဒီအခါမှာတော့ အွန်လိုင်းအသုံးပြုပရိသတ်တွေက Park Seo Joon ရဲ့ အတွေးတွေဟာ ရှေးဆန်လွန်းကြောင်း၊ အလုပ်လုပ်တဲ့မိခင်တစ်ယောက်ရဲ့ထိန်းကျောင်းမှုကြောင့် ကလေးတစ်ယောက်ရဲ့ဘ၀ပျက်စီးမယ်ဆိုတာဟာ တစ်ယူသန်လွန်းတဲ့အတွေးဖြစ်ကြောင်း၊ သူ့စကားလုံးတွေဟာ ပရိသတ်ပေါင်းများစွာရဲ့ရင်ကို နာကျင်စေကြောင်းဆိုကာ ဝေဖန်အပြစ်တင်ခဲ့ကြပါတယ်။

သင်တို့ရော Park Seo Joon ရဲ့ စိတ်ကူးထားတဲ့ အိမ်ထောင်ဘက်ပုံစံနဲ့ပတ်သတ်ပြီး ဘယ်လိုများထင်မြင်ယူဆမိပါသလဲ။

Ref : Allkpop

Be the first to comment

Leave a Reply

Your email address will not be published.


*