ပဲခူး ထုံကြီးကျေးရွာအထကကျောင်းသား ၃၅ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

 

ကိုဗစ်ပိုးစစ်ဆေးချက်အရ ပဲခူးမြို့နယ် ထုံကြီးကျေးရွာအထက်တန်းကျောင်းမှ ကျောင်းသား/သူ၃၅ဦးတွင် ကိုရိုနာဗိုင်ရပ်စ်ပိုး ကူးစက်ခံရကြောင်း ဇွန်လ ၂၈ ရက်နေ့က စစ်ဆးတွေ့ရှိခဲ့ရသည်ဟု ပရဟိတလုပ်ကိုင်နေသူများအပြောရသိရသည်။
ကျောင်းဆရာမနှစ်ဦးတွင် အနံ့ပျောက်ရာမှ စစ်ဆေးကြည့်ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး ကျောင်းမှ ဆရာ/မများ ကျောင်းသား/သူ ၆၀ကျော်ကို ကွာရန်တင်းဝင်စေပြီး စစ်ဆေးရာက ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများတွေ့ရခြင်းဖြစ်သည်။


“ဒီနေ့ပဲ…ထုံကြီးမှာက ၃၅ယောက်ကူးသွားပြီ ။ သူတို့နဲ့ပတ်သတ်တဲ့သူတွေကို စုံစမ်းနေဆဲပဲ။ ဆရာမနှစ်ယောက်နဲ့ထိတွေ့တွေပေါ့ “ဟု အမည်မဖော်လိုသည့် ပရဟိတလုပ်ကိုင်နေသူတစ်ဦးကပြောသည်။

 


ယနေ့တွင် ဟိုတယ်ကွာရန်တင်းဝင်သူ ခြောက်ဦး၊မြို့ပေါ်ရပ်ကွက်မှ ရှစ်ဦးနှင့် ထုံကြီး အထကကျောင်းမှ ၃၅ ဦး စုစုပေါင်း ၄၉ဦးပိုးတွေ့ရှိခဲ့သည်။
ပဲခူးမြို့နယ်တွင် ဇွန်လမှစတင်ကာ ကိုဗစ်ပိုးကူးစက်ခံရသူ ၁၂၀ကျော်ရှိနေသည်။

source:Mizzima news

Be the first to comment

Leave a Reply

Your email address will not be published.


*