Kiss Scene ကို (၆)ကြိမ်ခန့် ရိုက်ကူးခဲ့ရတဲ့ Nevertheless ရိုက်ကွင်း Behind the Scenes (ရုပ်သံ)

လတ်တလော JTBC ထုတ်လုပ်ရေးကနေ ထုတ်လွှင့်ပြသနေတဲ့ “Nevertheless” ဇာတ်လမ်းတွဲလေးကတော့ အထူးပြောစရာမလိုအောင် ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိနေပါတယ်။

ဇာတ်ဆောင်တွေရယ် ဇာတ်လမ်းရယ်က စိတ်လှုပ်ရှား ရင်ခုန်ဖွယ် ကောင်းလွန်းတာကြောင့် နာမည်ကြီးနေတာဖြစ်ပါတယ်။ ဒီတစ်ခါ သူတို့ရဲ့ရိုက်ကွင်း နောက်ကွယ်က ပုံရိပ်နဲ့ behind the scenes ကလည်း ပရိသတ်များစိတ်လှုပ်ရှားစေပြန်ပါတယ်။

ဇာတ်လမ်းတွဲ အပိုင်း (၂) ရဲ့ kiss scene အပြီးမှာ ‌ထိုရိုက်ကွင်းရဲ့ နောက်ကွယ်မှ ဗီဒီယိုကိုလည်း ပြသခဲ့ပါတယ်။ Song Kang နှင့် Han So Hee တို့က ရိုက်ကူးရေးနောက်ကွယ်မှာ ရိုက်ကူးမှုမစခင် တစ်ယောက်နဲ့တစ်ယောက် ချဉ်းကပ်ပုံကလည်း ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစေပြန်ပါတယ်။ ကြိုတင် လေ့ကျင့်နေကြတဲ့ ပုံစံလေးတွေက လှုပ်ရှားမှုများပေးနိုင်ကြောင်း ပြောဆိုနေကြပါတယ်။

Han So Hee က Song Kang ရဲ့အနွေးထည်ကို ကြည့်နေတာကြောင့် Song Kang ကသူမအား ဝတ်မလားဆိုပြီး ချက်ချင်းမေးတာကို Han So Hee ကရယ်မောပြီး ခေါင်းခါလိုက်ပါတယ်။ ထို့နောက် stylist ရဲ့ပစ္စည်းပြုတ်ကျသွားတဲ့အခါ Song Kang က ချက်ချင်းကောက်ပေးပြီး ကင်မရာကိုလှည့်ကာ “ ဒါကိုရိုက်ကူးထားတယ် မဟုတ်လား” ဆိုပြီး နောက်ပြောင်နေခဲ့ပါတယ်။

Song Kang နှင့် Han So Hee တို့က kiss scene အတွက် ခေါင်းကို ဘယ်လိုလှည့်ရမယ် လက်ကို ဘယ်လိုထားရမလဲဆိုတာကို ကြိုတင် ပြင်ဆင်ခဲ့ကြပြီး

၆ခါထက်မနည်း ရိုက်ကူးခဲ့ရပါတယ်။ သူတို့နှစ်ယောက် နမ်းတဲ့ဇာတ်ဝင်ခန်း ရဲ့ behind the sence ထဲက Song Kang နှင့် Han Soe Hee တို့ရဲ့ရင်းနှီးမှုများကို ကြည့်ပြီး အသည်းထပ်ယားနေကြပါတယ်။

“Nevertheless” ဇာတ်လမ်းဟာ အချစ်ကို မယုံကြည်ရဲတဲ့ ကောင်မလေး မင်းသမီး Yoo Na Bi နှင့် ချိန်းတွေ့တာကို လက်မခံချင်သေးတဲ့ ကောင်လေး Park Jae Uhn တို့ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် အဖြစ် တင်ဆက်နေတာ ဖြစ်ပါတယ်။“Nevertheless” ကို အပတ်စဉ် စနေနေ့တိုင်း မှာ ထုတ်လွှင့်ပြသလျက်ရှိတာကြောင့် စောင့်မျှော်အားပေးကြဦးစို့နော် ။

 

Nevertheless ရိုက်ကွင်းနောက်ကွယ်ပုံရိပ်များ 

Be the first to comment

Leave a Reply

Your email address will not be published.


*