ပိတ်လှောင်ခံရတာအပြင် လည်ချောင်းကနေပါးစပ်ထိ သံချောင်းဖောက်ဝင်ပြီး ဝေဒနာခံစားခဲ့ရတဲ့ ခွေးလေး

 

အိမ်မွေးတိရစ္ဆာန်တွေကို သေချာချစ်ခင် ကျွေးမွေး ဂရုစိုက်နိုင်မှ ကျွေးမွေးဂရုစိုက်နိုင်ပြီဆိုတော့မှ မွေးသင့်ပါတယ် ။ ဘာလို့လည်းဆိုတော့ သူတို့လေးတွေဟာ သူတို့ရဲ့သခင်ကိုသာမှီခိုအားထားနေရပြီး ၊ ကျွေးမှာစားရ သခင်စေခိုင်းတဲ့အတိုင်းသာနေထိုင်ကြရလို့ပါ ။

ဒီအဖြစ်အျပက်ကတော့ Facebook ပေါ်မှာဝေမျှထားခဲ့တဲ့ post တစ်ခုကြောင့် အတော်လေးကိုလူပြောများခဲ့တဲ့ အကြောင်းလေး ပြန်မျှဝေချင်ပါတယ်။ အဲတာကတော့ 6လသားအရွယ်ခွေးလေးဟာ အကျယ် 3ပေ နှင့် 2ပေ ခန့်သာရှိတဲ့ လှောင်အိမ်ထဲမှာ ပိတ်လှောင်ခြင်းခံထားရပြီးနောက် ခွေးလေးဟာ သေချာပိတ်ထားခြင်းမရှိတဲ့အပိတ်လေးကနေ လွတ်မြောက်ဖို့ကြိုးစားရင်ကနေ သံချောင်းဟာ ခွေးလေးရဲ့လည်းချောင်းကနေ ပါးစပ်အထိဖောက်ဝင်သွားခဲ့ပါတယ် ။

ထို့အပြင်ခွေးလေးအနားမှာ အစားအစာရော ၊ သောက်ရေတွေပါမရှိတဲ့အတွက် ခွေးလေးမှာအတော်လေးကို ဝေဒနာခံစားရမှာပါ ။ ထို့အပြင် ခွေးလေးရဲ့လည်ချောင်းကနေ ပါးစပ်အထိဖောက်ဝင်သွားခဲ့တဲ့သံချောင်းကြောင့် အတော်လေးကိုနာကျင်နေခဲ့ပြီး တအီအီနှင့် အော်မြည်နေခဲ့ပါတယ် ။ ခွေးလေးကို လှောင်အိမ်ကနေလွတ်အောင်မကယ်နိုင်တဲ့အဆုံး မီးသတ်တပ်ဖွဲ့ကိုခေါ်ပြီး အကူအညီတောင်းခံခဲ့ရပါတယ် ။

ခွေးလေးလွတ်မြောက်ပြီးပြီးချင်းမှာပဲ ခွေးလေးကိုဆေးခန်းသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပြီး ၊ ခွဲစိတ်မှုများပြုလုပ်ပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း ခွေးပိုင်ရှင်က ခွဲစိတ်ကုသစရိတ်အတွက် ပိုက်ဆံမရှိဘူးဆိုပြီးငြင်းပယ်ခဲ့လို့ ခွေးလေးကိုကယ်တင်ပေးခဲ့ကြတဲ့အုပ်စုက အကုန်အကျခံပေးခဲ့ရတာပါ ။

ထို့အပြင်အဆိုပါခွေးပိုင်ရှင်ဟာ နောက်ထပ်ခွေးမလေးတစ်ကောင်ကိုလည်း မွေးမြူထားပြီး ၊ ခွေးမလေးဟာနောက်ထပ်ခွေးပေါက်လေး 9ကောင်မွေးဖွားထားခဲ့ပေမဲ့လည်း ခွေးလေးတွေကိုအစာလုံးဝမကျွေးတဲ့အတွက် ခွေးလေးတွေဟာပိန်ချူံ းပြီး အရိုးပေါ်အရေတင်နေသကဲ့သို့ဖြစ်နေကြောင်း သိရှိရပါတယ် ။

ကလေးတွေက အရမ်းဂရုစိုက်ပေးနိုင်မှ မွေးသင့်ပါတယ်နော် ။ မဟုတ်ရင် တာဝန်မဲ့မှုကြောင့် သူတို့တွေ အရမ်းသနားဖို့ကောင်းပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*