BTS ရဲ့လာမည့် သီချင်းအသစ်မှာ Ed Sheeran မည်ဖြစ်ကြောင်း Big Hit မှအတည်ပြု

ဇွန်လ 27 ရက်နေ့တွင် Big Hit Music industry မှ Ed Sheeran ဟာ BTS ရဲ့သီချင်းအသစ်တွင် ပါ၀င်မှာ အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ လာမည့်ဇူလိုင်လမှာ မကြာသေးမီက ထွက်ရှိခဲ့တဲ့ “ Butter” ရဲ့ CD ဗားရှင်း ထွက်ရှိမည်မှာဖြစ်ပြီး CD တွင် သီချင်းအသစ် တစ်ပုဒ်ပါဝင်မယ် လို့လည်း ပြောဆိုထားပါတယ်။


Ed Sheeran ဟာ အမေရိကန် ရေဒီယိုရှိုးဖြစ်တဲ့ “ Most Requested Live” နှင့်တွေ့ဆုံ မေးမြန်းခြင်းတွင် ပါဝင်ခဲ့ပါတယ်။ သူဟာ လတ်တလောမှာ ထွက်ရှိခဲ့တဲ့ သူရဲ့သီချင်းအသစ် “ Bad Habits” အကြောင်းကို ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် သူက“ ကျွန်တော် BTS နဲ့အတူ အလုပ်လုပ် ခဲ့ပြီးပြီ၊ သူတို့တွေရဲ့ new record အတွက် သီချင်း အသစ်တစ်ပုဒ် ရေးသားခဲ့ပါတယ်။ ပြီးတော့ သူတို့တွေဟာ super cool guys တွေပါပဲ။ ” လို့ ဆိုခဲ့ပါတယ်။

Ed Sheeran နှင့် BTS တို့ရဲ့ ပထမဆုံးcollaboration သီချင်းကတော့ 2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ “ Map of the Soul: Persona ”အယ်လ်ဘမ်မှ“ Make It Right” သီချင်းဖြစ်ပါတယ်။နှစ်ဖက်လုံးရဲ့ ပရိသတ်များဟာ သူတို့ရဲ့ collaboration သီချင်းအသစ်အတွက် စိတ်လှုပ်ရှားနေကြမှာ သေချာပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*