“Nevertheless” အပိုင်း ၂ ကို ၁၉+ အဖြစ် အဆင့် သတ်မှတ်ခဲ့ကြောင်း ပရိုဂျူဆာများပြော

လတ်တလော လူကြိုက် များနေတဲ့ JTBC မှထုတ်လွှင့်တဲ့ “Nevertheless” ဇာတ်လမ်းတွဲကို လာမည့် ဇာတ်လမ်းတွဲအပိုင်းကို 19+ အဖြစ် သတ်မှတ်ထားကြောင်း ကြောငြာချက် ထုတ်ပြန်ခဲ့ပါတယ်။


Webtoon ကို အခြေခံရိုက်ကူးထားတဲ့ “Nevertheless” ဇာတ်လမ်းလေးဟာ ဖောက်ပြန်ခံရဖူးတာကြောင့် အချစ်ကို မယုံကြည်သော်လည်း လူငယ်ပီပီ ချိန်းတွေ့ဖို့ စိတ်ဝင်စားတဲ့ မိန်းကလေး Yoo Na Bi နှင့် ချိန်းမတွေ့ချင်ပဲ ချစ်ရမှာကြောက်နေတဲ့ Park JAE Uhn တို့ရဲ့ ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ ပထမဆုံးအပိုင်းမှာတင် Yoo Na Bi ဟာ ချစ်စရာကောင်းပြီး ဆွဲဆောင်နိုင်စွမ်းကြီးသူ Park Jae Uhn ဆီမှာ ဆွဲဆောင်ခံလိုက်ရပြီး း ပထမဆုံးအပိုင်းမှာ သူတို့ရဲ့ပထမဦးဆုံး အနမ်းကို စတင်ခဲ့ရပါတယ်။


Park Jae Uhn နဲ့့ Yoo Na Bi တို့ ဘယ်လောက်ရင်းနှီးသွားမလဲဆိုတာတော့ အပိုင်းသစ်အတွက် တင်ပေးထားတဲ့ ဓာတ်ပုံတွေကတဆင့်သိနိုင်တာမို့ ပရိသတ်တွေကတော့ မျှော်လင့်နေကြပြီဖြစ်ပါတယ် ။

“Nevertheless” ရဲ့ producer များက “Park Jae Uhn ဟာ “မရနိုင်သော ပန်းတစ်ပွင့်” ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းကို လာမည့်အပိုင်းတွင် ဖော်ပြပေးသွားမှာဖြစ်ပြီး သူ မကောင်းဘူးဆိုတာ သိပေမယ့် သူ့အပေါ် ပိုပြီးကျရှုံးလာတဲ့ Yoo Na Bi ဘာဆက်လုပ်မယ်ဆိုတာကို ကျေးဇူးပြုပြီး စောင့်ကြည့်ပေးကြပါ။” လို့ဆိုထားပါတယ်။ 19+ rated သတ်မှတ်ထားတဲ့ “Nevertheless” ရဲ့ လာမယ့် အပိုင်းကို ဇွန်လ 26 ရက်နေ့  ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

 

source: allkpop

Be the first to comment

Leave a Reply

Your email address will not be published.


*