
သောကြာနေ့ အစောပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ကိုယ်ခံပညာကျောင်းတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၈ ဦးအထိ သေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
မီးကို ငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်ပြီး ကျောင်းတာဝန်ရှိသူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးကြောင်း၊ မီးတောက်ကို အပြီးတိုင် ငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း france24 သတင်းဌာနမှာ ဖော်ပြထားပါသည်။
စုံစမ်းမှုတွေပြုလုပ်ဖို့အတွက် Heanan ပြည်နယ် နဲ့ Shangqui မြို့အာဏာပိုင်တွေဟာ သင်တန်းကျောင်းရှိရာကို သွားရောက်ခဲ့ကြပါတယ်။လက်ရှိအချိန်ထိတော့ မီးလောင်မှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိသေးတာကြောင့် ဘာကြောင့်လောင်ကျွမ်းခဲ့ရလဲဆိုတာကို မသိရသေးပါဘူး။
လူလေးဦးအထိ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ကျန် ၁၂ ဦးကတော့ အသေးစားဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့ Shangqiu မြို့အာဏာပိုင်တွေက သတင်းထုတ်ပြန်မှုတော့ လုပ်ခဲ့ပါတယ်။ဒါပေမယ့် ၁၈ ဦးအထိ သေဆုံးခဲ့တာကြောင့် သွေးပျက်စရာဖြစ်ပွားခဲ့တာလို့ သတင်းဌာနတချို့က ခေါင်းစဉ်တပ်ဖော်ပြခြင်းတွေ ရှိနေခဲ့ပါတယ်။
တရုတ်ပြည် Henan ပြည်နယ်ဟာ သိုင်းပညာပေါက်ဖွားရာဌာနတစ်ခုဖြစ်တဲ့ ရှောင်လင်ကျောင်းတော်ရှိတဲ့နေရာဖြစ်ပါတယ်။ရှောင်လင်ကျောင်းမှာဆိုရင် ကလေးငယ်လေးပေါင်းထောင်သောင်းချီပြီး သိုင်းပညာသင်နေကြတာကိုတွေ့ရပါတယ်။ အခုမီးလောင်တဲ့နေရာဟာ Zhenxing Martial Arts Center လို့ဆိုပါတယ်။
မကြာခဏဆိုသလို မတော်တဆမှု နဲ့ ရာသီဥတုဘေးဒဏ်ကို ခံစားနေရတဲ့ တရုတ်မှာ ပြီးခဲ့တဲ့ကာလတွေကလည်း ကြောက်မက်ဖွယ်ရာဘေးဒုက္ခတွေကို ရင်ဆိုင်နေခဲ့ရပါတယ်။
source: france24
Leave a Reply