မျက်လုံးတွေ အပြင်ဖက်သို့ပြူးထွက်ကျအောင် လုပ်ပြနိုင်တဲ့ ကောင်လေး (ရုပ်သံ)

ပါကစ္စတန်နိုင်ငံမှာနေထိုင်တဲ့ အသက် 14 နှစ်အရွယ် Ahmed Khan အမည်ရှိတဲ့ကောင်လေးဟာ အခြားသူတွေနဲ့မတူ တမူထူးခြားတဲ့စွမ်းရည်မျိုးပိုင်ဆိုင်ထားပါတယ် ။ အဲဒါကတော့ ကာတွန်းကားတွေထဲကလို့ မျက်လုံးနှစ်ဖက်ကို အပြင်သို့ ပြူးထွက်နေအောင် လုပ်ပြနိုင်တာဖြစ်ပါတယ် ။ Ahmed ဟာ ကျောင်းသားတစ်ဦးဖြစ်ပြီး အဆိုပါစွမ်းရည်မျိုးပိုင်ဆိုင်နိုင်ခဲ့တဲ့အဖြစ်ကို ယခုလိုပြောပြသွားခဲ့ပါတယ် ။

‘ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တစ်စုံတစ်ခုလုပ်နေရင်းနဲ့ မျက်လုံးကို ခိုက်မိခဲ့ပါတယ် ၊ ပြီးတော့ မျက်လုံးက အပြင်ကိုပြူးထွက်လာခဲ့တယ် ၊ အစပိုင်းမှာတော့ ကြောက်လန့်ခဲ့ပေမဲ့လည်း ခဏအကြာတော့ ဘားမှနာကျင်မှုမျိုးမရှိခဲ့မှန်သတိထားမိခဲ့တယ် ၊ နောက်ပိုင်းကျ အခြားမျက်လုံးတစ်ဖက်ကိုပဲ အပြင်သို့ပြူထွက်နေအောင် လုပ်ကြည့်ခဲ့တယ် ၊ အောင်မြင်သွားခဲ့တယ် ၊ အဲတာက တော်တော်လေးပျော်ဖို့ကောင်းတယ် ၊ 4/5 ခေါက်လောက်လုပ်ကြည့်ပြီးတော့ ကျွန်တော်ကျင့်သားရသွားခဲ့ပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။

Ahmed ဟာ မျက်လုံးပြူးထွက်လာအောင်လုပ်ပြနေတာကို အတန်းဖော်ကျောင်းသူတွေက အတော်လေးကို ထိတ်လန့်နေလျက်ရှိကြပါတယ် ။ Ahmed ရဲ့ video ဟာ online ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိကြောင်းလည်း သိရှိရပါတယ် ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*