Accident ကြောင့် အောက်ပိုင်းသေဆုံးခဲ့ပေမယ့် သူ့ရဲ့သတို့သမီးကို ဘီးတပ်ကုလားထိုင်မပါပဲ ကြိုးစားပြီးကပြခဲ့တဲ့ အမျိုးသား (ရုပ်သံ)

ဂျိုဝီဂျွန်ဆင်ဆိုတဲ့ အမျိုးသားတစ်ဦးဟာ အလွန်ကြည်နူးစရာ လုပ်ရပ်ကို ကြိုးစားလုပ်ခဲ့ပါတယ်။ သူဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ကံမကောင်းစွာပဲ သူ့ရည်းစား မိုက်ကယ်ဂျွန်ဆင် နဲ့ တွေ့ပြီး ၄ လအကြာမှာတော့အလွန်ဆိုးရွားတဲ့ ဆိုင်ကယ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

စိတ်မကောင်းစရာ အဆိုပါ မတော်တဆမှုက သူ့ရဲ့ ကိုယ်ခန္ဓာ အောက်ပိုင်း သေသွားစေခဲ့ပါတယ်။ ဒါပေမယ့် သူက သူ့ဇနီးအတွက် အထူခြားဆုံး လုပ်ရပ်တစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။
ဒါကတော့ သူတို့ရဲ့မင်္ဂလာဆောင်တဲ့နေ့မှာ သူမကိုအံ့အားသင့်စေတဲ့ အရာတစ်ခုလုပ်ဆောင်ပြခဲ့တာ ဖြစ်ပါတယ်။ ဂျိုဝီဂျွန်ဆင်က သူ့ရဲ့အကကို သူ့ဘီးတပ်ကုလားထိုင်မပါဘဲ မျှဝေချင်ခဲ့ပြီး ခက်ခဲစွာ ကြိုးစားခဲ့ပါတယ်။

ဒါကို မြင်ပြီး သူမအလွန်အံ့သြသွားပါတယ်။ စုံတွဲနှစ်ဦးဟာ တစ်ဦးအပေါ်တစ်ဦး ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် တစ်ဦးအပေါ်တစ်ဦး ဖေးမပေးတဲ့ နားလည်မှုတွေနဲ့ အလွန်ကြည်နူးဖွယ်ကောင်းသလို ဝမ်းနည်းဝမ်းသာ မျက်ရည်ကျတဲ့ထိ ဝမ်းသာခဲ့ရပါတယ်။ အခမ်းနားဆုံး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။

အောက်ပိုင်းသေနေပေမယ့် ထိုင်ခုံမပါပဲ ကြိုးစားကပြခဲ့တဲ့ အမျိုးသားရဲ့ ရုပ်သံ

zaw gyi

 



Be the first to comment

Leave a Reply

Your email address will not be published.


*