လူတွေသာ ရေမချိုးတော့ဘူးဆိုရင် ဘာတွေဖြစ်လာမလဲ….

ရေချိုးခြင်းဟာ ကျွနု်ပ်တို့ရဲ့ နိစ္စဓူဝ အလုပ်တစ်ခုဖြစ်သလို၊ အရေးကြီးတဲ့အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ အကယ်၍ လူတွေသာ ရေမချိုးတော့ဘူးဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရအောင်နော်။ဒီစာလေးကို ဖတ်ပြီး ရေချိုးပျင်းတဲ့ သူငယ်ချင်းတွေကိုလည်း ဝေမျှပေးလိုက်ပါဦး။

(၁) အရေပြားပြဿနာတွေ


သင်သာ ရေမချိုးတော့ဘူးဆိုရင်တော့ အရေပြားဆိုင်ရာပြဿနာတွေ ရင်ဆိုင်ရမှာပါ။ သင့်ရဲ့အရေပြားပေါ်မှာ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေပေါင်းသွားပြီး ယားလာတော့ပါလိမ့်မယ်။ ကြာလာတဲ့အခါ ယားနာရောဂါပါဖြစ်သွားပြီး မှိုရောဂါလိုမျိုး အခြားအရေပြားဆိုင်ရာရောဂါတွေဖြစ်သွားတော့မှာပါ။

(၂) ကူးစက်ရောဂါများ

နေ့စဉ်ကျွနု်ပ်တို့အသုံးပြုနေတဲ့ ဖုန်းတွေ၊ တံခါးလက်ကိုင်တွေ၊ အိမ်သာခွက်တွေမှာ ဘက်တီးရီးယားတွေ ဘယ်လောက်များမလဲ စဉ်းစားကြည့်ပါ။ တကယ်လို့ သင်ဟာ ရေမချိုးတော့ရင် ရောဂါပိုးမွှားတွေဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားပြီး ကူးစက်ရောဂါတွေ အလွယ်ရတော့မှာ ဖြစ်ပါတယ်။

(၃) ဆဲလ်သေတွေ စုပုံလာမယ်
ရေချိုးတဲ့အခါ ဆဲလ်သေတွေ ဆေးကြောပြီးသားဖြစ်သွားသလို၊ ဆဲလ်သစ်တွေလည်း ပေါက်ဖွားလာပါတယ်။ တကယ်လို့ သင်သာ ရေမချိုးတော့ရင် သင့်ခန္ဓာကိုယ်မှာ ဆဲလ်သေတွေစုပုံပြီး ကိုယ်အလေးချိန်တောင် တိုးလာပါဦးမယ်။

(၄) ချွေးနံ့တွေနံမယ်


ချွေးဟာ အနံ့မရှိပေမယ့် ဘက်တီးရီးယားပိုးမွှားတွေနဲ့ ပေါင်းစပ်တဲ့အခါ အနံ့အသက်တွေ ထွက်လာတတ်ပါတယ်။ တကယ်လို့ သင်သာရေမချိုးတော့ရင် သင့်ရဲ့အနံ့ကတော့ မတွေးရဲလောက်အောင်ပါပဲနော်။

(၅) လိင်အင်္ဂါဆိုင်ရာရောဂါများ
သင့်ရဲ့လိင်အင်္ဂါဟာ ရေမချိုးတဲ့အခါ ဆိုးကျိုးအသက်ရောက်ဆုံးနေရာတစ်ခု ဖြစ်လာမှာပါ။ အနံ့အသက် ဆိုးရုံတင်မကပဲ လိင်အင်္ဂါဆိုင်ရာ ရောဂါတွေ ရလာမှာဖြစ်သလို၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းတွေလည်း ဖြစ်လာတော့မှာပါ။

(၆) အရမ်းယားလာမယ်

သင့်ခန္ဓာကိုယ်ဟာ ရေမချိုးတော့တဲ့အခါ ယားယံမှုကိုပြင်းထန်စွာခံစားရမှာပါ။ အထက်ကဖော်ပြထားသလိုပဲ ဘက်တီးရီးယားနဲ့ အညစ်အကြေး၊ ပိုးမွှားတွေကြောင့်ပါ။

(၇) ဆံပင်နဲ့ဦးရေပြား
သင့်ဆံပင်ဟာ စေးကပ်နေမှာဖြစ်သလို၊ ဗောက်တွေလည်းထပြီး ခေါင်းအနံ့ကလည်း တော်တော်ကို ဆိုးရွားနေမှာပါ။ ဒါ့အပြင် သန်းတွေလည်း တွယ်လာနိုင်ပြီး ရွံစရာ၊ အသည်းယားစရာကောင်းနေမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*