မင်းသမီး Jung Yu Mi နဲ့ ဘယ်တော့မှ ချိန်းတွေ့ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပြခဲ့တဲ့ Gong Yoo

ရုပ်ရှင်တချို့မှာ အတူတူ သရုပ်ဆောင် ခဲ့ဖူးသူကြောင့် မင်းသား Gong Yoo နှင့် မင်းသမီး Jung Yu Mi တို့ကို ခင်မင်မှုအတိုင်းအတာတစ်ခုအနေနဲ့ စစ်ဆေးဖို့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးက ကိုယ်ပိုင်ဟန်နဲ့ မတူကွဲပြား ပင်ကိုယ်စရိုက်တွေကို ထင်ဟပ်စေသည့် အဖြေလေးတွေကို ရွေးချယ်ခဲ့ကြတာ တွေ့ရပါတယ်တဲ့။

စမ်းသပ်မှု တစ်ခုချင်းစီတွင် သရုပ်ဆောင် နှစ်ဦးသည် သူတို့၏ ကွဲပြားသော ပင်ကိုယ်စရိုက်ကို ပြသသည့် မတူညီတဲ့ အဖြေတွေကို
ရွေးချယ်ခဲ့ကြပါတယ်။
ဒါအပြင် မင်းသမီး Jung Yu Mi က သူတို့နှစ်ဦးရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ ရုပ်ရှင်ဟာ သူတို့အတူတူ ရိုက်ဖြစ်တဲ့ နောက်ဆုံးအကြိမ် ဖြစ်မယ်လို့ ပြောလာတဲ့အခါ မင်းသား Gong Yoo က သူ့စိတ်ထိခိုက်ခံစားခဲ့ရပါတယ်တဲ့။

မင်းသား Gong Yoo က Jung Yu Mi နှင့်အတူ တစ်ခြား ရုပ်ရှင်များအတူတူရိုက်ကူးချင်သေးကြောင်း ပြောပြခဲ့ပါတယ်။ အင်တာဗျူးမှာ နှစ်ယောက်သား အပြန်အလှန် စကားများပြောဆိုခဲ့ပြီးနောက် မင်းသားက သူမကို သီးသန့်သဘော တစ်ခါမှ မတွေ့ခဲ့ဖူးကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ နှစ်ယောက်ထဲ သီးသန့်ချိန်းတွေ့တာမျိုး မရှိခဲ့ကြဘူး။ ကျနော်တို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်တာကြောင့် ရှေ့လျှောက်လည်း ဒီလိုပဲ ဆက်သွားကြမယ်လို့ပြောပါတယ်။ ကျနော်တို့မှာ အဲလိုအတွက် သီးသန့်တွေ့တဲ့ အချိနမရှိတာက ဘကျနော်တို့က ကောင်းမွန်တဲ့ သူငယ်ချင်းသံယောဇဉ်ကို ဆက်ပြီး တည်ရှိနေစေချင်လို့ပါ”လို့ Gong Yooက ထပ်ဆင့်ပြောပြခဲ့ပါတယ်။

နောက်ပြီး Gong Yoo က မင်းသမီး Jung Yu Mi ဟာအင်တာဗျူးတွေ မှာ အေးဆေးတည်ငြိမ်ပေမဲ့လည်း ရိုက်ကွင်းပေါ်မှာတော့ အရမ်းအစအနောက်သန်တဲ့သူဖြစ်တယ် လို့ ပြောပြခဲ့ပါတယ်။ သူတို့ နှစ်ဦးရဲ့ ရင်းနျီးပွင့်လင်းတဲ့ ဆက်ဆံရေးကြောင့် သမီးရည်းစားအဖြစ် လက်ထပ်တော့မည့်စုံတွဲအဖြစ် ကောလာဟလသတင်းများ ထွက်ခဲ့တာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ friendship ကိုဆက်ပြီး ချစ်ခင်အားပေးကြရအောင်ဗျာ ။

Be the first to comment

Leave a Reply

Your email address will not be published.


*