“Office of Romance of Cruel Story” ဇာတ်ကားသစ်အတွက် သရုပ်ဆောင်များ အတည်ပြုပြီး

JTBC မှ ရိုက်ကူးထုတ်လုပ်မယ့်”Office of Romance of Cruel Story” ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်သွားဖို့ ParkMinYoung၊ SongKang, Girl’s Day က Yura နှင့် YoonPark တို့ကိုဒီ ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ်လို့ အတည်ပြုပြီးကြောင်း သိရပါတယ်။ ဒီဇာတ်လမ်းကို “ When the Camellia Blooms” ဇာတ်ကားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Cha Young Hoon က ဦး ဆောင်ပြီး ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 


“Office of Romance of Cruel Story” က ကိုရီးယားမိုးလေဝသစီမံခန့်ခွဲမှု၊ ကိုရီးယားနိုင်ငံ၏ရာသီဥတုခန့်မှန်းချက် ၀န်ဆောင်မှုမှာ အလုပ်လုပ်သောလူငယ်တွေရဲ့ ဘဝနှင့်ချစ်ခြင်းမေတ္တာအကြောင်းဇာတ်လမ်းသစ်ဖြစ်ပါတယ်တဲ့။

ဒါရိုက်တာရော သရုပ်ဆောင်တွေပါ အမိုက်စားတွေ ဖြစ်တာရယ် ဇာတ်လမ်းကျောရိုးဝန်းကျင်ကလည်း တမူထူးဆန်းနေတာကြောင့် ကြည့်ကို စောင့်ကြည့်သင့်တဲ့ အချစ်လူငယ် ရိုမန့်တစ် ဇာတ်လမ်းတွဲ ဖြစ်လာမှာ သေချာပါတယ် ။

Zaw gyi



Be the first to comment

Leave a Reply

Your email address will not be published.


*