“School 2021” အတွက် သရုပ်ဆောင်များကို တရားဝင်အတည်ပြုပြီး

School series ရဲ့ 8 ခုမြောက်ဖန်တီးမှုဖြစ်တဲ့ School 2021 အတွက် Kim Yohan, Cho Yi Hyun, Kim Young Dae, Hwang Bo Reum Byul တို့ကို အဓိကသရုပ်ဆောင်တွေအဖြစ်ရွေးချယ်လိုက်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ တရားဝင်အတည်ပြုကြေညာပေးလိုက်ပါပြီ။
School 2021 အတွက် Kim Yohan, Cho Yi Hyun, Kim Young Dae, Hwang Bo Reum Byul တို့ဟာ အဓိကသရုပ်ဆောင်တွေအဖြစ်ပါဝင်သွားကြမှာ ဖြစ်ကြောင်း သိရပါတယ်။

အားလုံးကစောင့်စားနေခဲ့ရတဲ့ School Seriesလေးဖြစ်လို့ ဒီတစ်ခေါက်မှာလည်းဘယ်လိုအကြောင်းအရာကိုရိုက်ကူးမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။


ဇာတ်ကောင်တွေအနေနဲ့ Kim Yohan ကတော့ ဒဏ်ရာကြောင့်အနားယူလိုက်ရတဲ့ 11 နှစ်ကြာ တိုက်ကွမ်းဒိုကစားခဲ့သော အားကစားသမားဟောင်း Gong Ki Jun အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ အထက်တန်းကျောင်းမှာတက်ရောက်နေပြီး အသက်အရွယ်အရ ရင့်ကျက်နေပေမယ့် သူသဘောကျတဲ့မိန်းကလေးရှေ့မှာတော့ မနေတတ်မထိုင်တတ်ဖြစ်တတ်သူလေးတစ်ယောက်ပါ။

Kim Young Dae ကတော့ လျို့ဝှက်ချက်တစ်ခုရှိနေတဲ့ ကျောင်းပြောင်းကျောင်းသား Jung Young Joo အနေနဲ့ ပါဝင်မှာပါ။ Gong Ki Jun နဲ့အတိတ်မှာပတ်သတ်ခဲ့ဖူးတဲ့သူဖြစ်လို့ Kim Yohan နဲ့ Kim Young Dae တို့ကြားက Bromance လေးကိုလည်းမျှော်လင့်နိုင်ပါတယ်။


Cho Yi Hyun ဟာ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ယုံကြည်ချက်ရဇိရှိကြိုးစားနေထိုင်တဲ့ အထက်တန်းကျောင်းသူလေး Jin Ji Won အဖြစ် ပါဝင်သွားမှာပါ။ K-Drama တွေရဲ့ထုံးစံအတိုင်း အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်စရာတွေရှိနေပေမယ့် ပွင့်ပွင့်လင်းနေထိုင်တတ်တဲ့ မိန်းကလေးတစ်ယောက်ဇာတ်ကောင်ပါ။

Hwang Bo Reum Byul ဟာ ကိုရီးယားရဲ့ထိပ်တန်း တက္ကသိုလ်ငါးခုထဲကို ဝင်ခွင့်ရဖို့ရည်ရွယ်ပြီး ဝင်ခွင့်စာမေးပွဲအတွက်ကြိုးစားပြင်ဆင်နေတဲ့ စာတော်သောကျောင်းသူလေး Kang Seo Young အဖြစ်သရုပ်ဆောင်သွား ဖြစ်ပါတယ်။

School 2021 ကို 2021 နှစ်လည်လောက်ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*