
ပထမဆုံး ဗီဒီယိုနဲ့တင် silver button ကို ရရှိခဲ့တဲ့ Kim Jong Kook ၏ YouTube channel
Running Man ရဲ့ ကျားတစ်ကောင် ဖြစ်တဲ့ အဆိုတော် Kim Jong Kook ကတော့ သူ့ရဲ့ YouTube channel “ Gym Jong Kook” မှ စတင်ပြီး ဗီဒီယိုတစ်ခုတင်လိုက်ပါတယ်။ ပထမဆုံးသော ဗွီဒီယိုတစ်ခု ထဲနဲ့တင် subscriber 1သိန်း ကျော်ကို အလျင်အမြန်ရရှိခဲ့တာကြောင့် silver button ရသူ အဖြစ်အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။
Kim Jong Kook သည် သူရဲ့ YouTube ချန်နယ်ဓာတ်ပုံအား “Youtube”, “Gym Jong Kook” နှင့် “D-1” အစရှိတဲ့ hashtag တို့နှင့်အတူ ဓာတ်ပုံတင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ YouTube ကို ဇွန်လ 17 ရက်ည 6 နာရီ ( KST) မှာ စဖွင့်မယ်လို့ ကြေငြာခဲ့ပြီး မကြာခင်မှာပဲ သူဟာ physical training နဲ့ workout လေ့ကျင့်ခန်းတွေအကြောင်း ရိုက်ကူးထားတဲ့ သူ့ရဲ့ ပထမဆုံး ဗီဒီယိုကို တင်ပေးခဲ့တာဖြစ်ပါတယ်။
Running Man ကတည်းက လူကြိုက်များကြော်ကြားသူ ဖြစ်တာကြောင့် ပရိသတ်တွေကတော့ တခဲနက် ထောက်ခံအားပေးခဲ့တာကြောင့် YouTube channel က မြန်မြန်ပဲ subscriber များစွာရရှိခဲ့ပါတယ်။ ပထမဆုံးရက်မှာတင် silver button ကို ရရှိခဲ့ပြီး subscriber 1သိန်းကျော်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ၏ ပထမဦးဆုံး ဗီဒီယို မှာတော့ ပရိသတ်များအား သူရဲ့တစ်နေ့တာကို gym မှာကုန်ဆုံးပုံကို ပြခဲ့ပြီး အားကစားလုပ်နေရင်း behind-the-scenes မှာ ကြွက်သားများကို ကြွားခဲ့ပါသေးတယ်။
ပရိသတ်ဆီမှ အားရစရာ မှတ်ချက်များစွာလည်း ရရှိခဲ့ပါတယ် ။ လက်ရှိမှာတော့ Kim Jong Kook သည် သူ၏ လှုပ်ရှားမှုများကို လူကြိုက်များသော ‘Running Man’ နှင့် ‘My Little Old Boy’ အစီအစဉ်မှာလည်း ပါဝင်တင်ဆက်နေဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ Kim Jong Kook သည် သူ၏ လှုပ်ရှားမှုများကို လူကြိုက်များသော ‘Running Man’ နှင့် ‘My Little Old Boy’ အစီအစဉ်တို့တွင် ပါဝင်ရင်း ပြသနေခဲ့ပြီး netizen များနှင့် ပရိသတ်များ၏ အချစ်တွေကို ခံယူနေတာ ဖြစ်ပါတယ်။
ref: allkpop
Leave a Reply