ဆားဝက်ခြံနဲ့ ချွေးပေါက်ကျယ်တာ ပိုဆိုးအောင် လုပ်မိနေတတ်သော အမှားများ

ဆား၀က်ခြံ ၊ ဝက်ခြံ၊ ချွေးပေါက်တွေပိုကျယ်လာအောင်တော်တော်များများ လုပ်မိတတ်ကြတဲ့ အမှားတချို့ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
အရေပြား ပြဿနာတွေထဲမှာ ချွေးပေါက်ကျယ်တဲ့ပြဿနာကလည်း တော်တော်ဆိုး ပါတယ် ။အဆီ တွေပိုပြန်လာပြီး မိတ်ကပ်ကွက်တာ ၊ ဝက်ခြံထွက်တာ ၊ အဆီဖုထွက် တာမျိုးတွေ အရမ်းဖြစ်စေ ပါတယ်။

တစ်ခါ တစ်လေကျရင် ကိုယ်လုပ် လိုက်မိတဲ့ အမှားကြောင့် ချွေးပေါက်တွေ ပိုကျယ်လာ တာမျိုးလည်း ရှိပါတယ် ။ ဒါကြောင့် ကိုယ်တိုင် လည်းလုပ်မိရင် ဆင်ခြင် နိုင်ဖို့ အတွက် ချွေးပေါက် တွေ ပိုကျယ် လာအောင်တော်တော် များများ လုပ်မိနေတဲ့ အမှားတချို့ကိ ပြောပြပေးလိုက် ပါတယ်။


အဆီစုပ်စက္ကူခဏခဏ သုံးခြင်း

ချွေးပေါက်တွေ ပိုကျယ်လာအောင် တော်တော် များများ လုပ်မိ နေတဲ့အမှားတချို့ တော်တော် များများက အဆီ ပြန်တယ် ဆိုရင် အဆီစုပ် စက္ကူလေး သုံးလိုက်တယ်။ အဆီတွေ ပါသွားတယ် ဆိုပြီး သဘော ကျကြတယ်။ ဒါက တစ်ခါ တစ်လေပဲ ကောင်းပါတယ် ။ အဲ့လိုမဟုတ်ပဲ အဆီစုပ် စက္ကူကို ခဏခဏသုံးမယ် ဆိုရင်တော့ ချွေးပေါက် တွေပိုကျယ်ပြီး အဆီပိုပြန် လာမှာပါ။

ဆားဝက်ခြံ ၊ အဆီဖု ၊ ဝက်ခြံတွေ ကို အတင်းညှစ်ခြင်း

တချို့က ဘာအဖုပဲ ထွက်ထွက် လက်သည်းနဲ့ ညှစ်ကြတာ ၊ ကုတ်ဖဲ့ကြတာ ၊ ဆားဝက်ခြံ ဆိုလည်းအားနေ ညှစ်နေ တာမျိုး၊ ဆားဝက်ခြံကပ်ခွာ သုံးတာမျိုးတွေ အရမ်း လုပ်ကြ ပါတယ ။ ဒီလို လုပ်တာတွေက ချွေးပေါက်တွေကို ပိုပြီးကျယ်လာစေ ပါတယ် ။ Exfoliation ခဏခဏ လုပ်ခြင်း ချွေးပေါက်တွေ ပိုကျယ်လာအောင် တော်တော်များများ လုပ်မိနေတဲ့ အမှားတချို့ Exfoliation လုပ်တယ် ဆိုတာလည်း တစ်ပတ်မှ တစ်ခါပဲလုပ်တာကောင်းပါတယ် ။ ခဏခဏ လုပ်မယ် ဆိုရင်တော့ ချွေးပေါက်တွေ ကျယ်လာ ပါလိမ့် မယ ။ ဒါ့အပြင် အရေး အကြောင်းတွေလည်း မြန်မြန်ဖြစ်စေ ပါတယ် ။

နေလောင်ကာ Sunscreen မလိမ်းခြင်း

နေလောင်ကာ Sunscreen မလိမ်းရင် အသားအရေ အရမ်းပျက်စီးပါတယ် ။ Skin Tissue တွေလည်း ပျက်စီးစေတယ် ချွေးပေါက် တွေလည်းပိုပြီးကျယ် လာစေ တယ ။ အသက်ကြီးလာရင် အမဲစက် နဲ့ မှဲ့ခြောက် တွေလည်း ထွက်လာနိုင် ပါတယ် ။

အဆီအစိမ့် တွေအရမ်းစားခြင်း

အဆီအစိမ့်တွေ အရမ်းစား တာက အဆီ ဖုတွေ ထွက်စေပြီး ချွေးပေါက် တွေပိုကျယ်လာစေတယ် ၊ အဆီပြန်တာ တွေ ပိုပြီးဖြစ် လာစေတာကြောင့် လျှော့ပြီး စားသင့် ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*