” Pray for Myanmar ” လုပ်စားနေတယ် ဆိုပြီးဝေဖန်နေတဲ့သူတွေကို လုပ်ရပ်နဲ့သက်သေပြလိုက်တဲ့ သူဇာဝင့်လွင်

Miss Universe Myanmar သူဇာဝင့်လွင် ဟာ တိုင်းပြည်အရေးအခင်း ကာလမှာ Miss Universe ပွဲကို သွားရောက်ယှဉ်ပြိုင် ရတာဖြစ်ပြီး အခက်အခဲ မျိုးစုံကိုဖြတ်ကျော်ကာ နိုင်ငံအတွက် ဂုဏ်ယူရမယ့် National Costume ဆုကို ရအောင်ယူပေး နိုင်ခဲ့သူပါ ။ ပြိုင်ပွဲအပြီးမှာလည်း ကိုယ့်နိုင်ငံကို ပြန်လာဖို့ အဆင်မပြေတာ ကြောင့် တိုင်းတပါးမှာပဲ ဆက်လက်ပြီးအလုပ် လုပ်ကိုင်နေခဲ့ပါတယ် ။


တိုင်းပြည်အတွက်စေတနာထားတာ ကြောင့် သူမကိုချစ်ခင်အားပေးသူတွေ လည်းရှိလာပြီး နာမည်ကြီးမော်ဒယ် အေဂျင်စီမှာ မော်ဒယ် တစ်ယောက် အဖြစ်နဲ့ စတင်ရပ်တည် နေခဲ့ပြီပဲဖြစ်ပါတယ် ။ Miss Universe စင်မြင့်ထက်မှ
” Pray for Myanmar ” ဆိုင်းဘုတ်ကိုင်ပြီး မြန်မာ့အရေးကို Speak out လုပ်ပေးခဲ့ သူလည်းဖြစ်ပါတယ် ။ သို့ပေမယ့်လည်း သူမကို ” Pray for Myanmar ” တစ်ခုနဲ့ လုပ်စားနေတယ် ဆိုပြီးပြောဆိုဝေဖန်နေတဲ့သူတွေ လည်းရှိနေခဲ့ပါတယ် ။

သူဇာကတော့ 12.6.2021 နေ့မှာ Minnesota က လူငယ်တွေ ဦးဆောင်ပြုလုပ်တဲ့ Youth for Myanmar ဆိုတဲ့တိုင်းရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေ‌ပွဲမှာ လူအားရော ငွေအားပါစိုက်ထုတ်ပြီး ပြစ်တင်ဝေဖန်သူတွေရဲ့စကားတွေကို လုပ်ရပ် တစ်ခုတည်းနဲ့ ချေပခဲ့ပါတယ် ။
ဒီပွဲလေးကိုတက်ရောက်ခဲ့ တဲ့သူမရဲ့ပုံရိပ်တွေကိုတင်ပေးရင်း

 

” 12.6.2021 နေ့က Minnesota မှာရှိတဲ့ လူငယ်တွေ ဦးဆောင်ပြုလုပ်သေ Youth for Myanmar ဆိုတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေ‌ ပွဲလေးမှာ သူဇာလဲတတ်ရောက်ပြီး လူအားနဲ့ ပါဝင်အားဖြည့်ခွင့်ရခဲ့ သလို ကရင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင် မိဘပြည်သူများရဲ့ သောက်ရေသန့် အခက်အခဲ ဖြေရှင်းနိုင်စေရန် Water Filter အတွက် အလှူငွေ ကျပ်ဆယ်သိန်း ကိုလည်း လှူဒါန်းခွင့် ရခဲ့ပါတယ် ။ ဒီပွဲကနေ ရရှိတဲ့အကျိုးအမြတ်တွေအားလုံးကို မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ် ။ အခုလိုမျိုး နိုင်ငံရပ်ခြားကနေ ကိုယ့်နိုင်ငံအတွက်တတ်နိုင်တဲ့ ဘက်ကနေ အားလုံးဝိုင်းဝန်း ြကိုးစားပေး နေကြတာ မြင်ရတာ ပီတိဖြစ်ရသလို အားလည်းတတ်မိပါတယ်။သူဇာလည်းဒီလိုအချိန်မှာ ကိုယ့်နိုင်ငံ အတွက် လူအားရော ငွေ‌အားပါ တတ်နိုင်သလောက် ပါဝင်အားဖြည့်ခွင့် ရတဲ့အတွက် ဝမ်းသာမိပါ တယ် ။သူဇာ့ရဲ့ ချစ်ရတဲ့သူတွေ လည်း ဒီကာလမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြဖို့နဲ့ အားတင်းထားကြဖို့ မှာချင်ပါတယ် ။ 🙏🏼❤️” ဆိုပြီး ပွဲတက်ရတဲ့ အကြောင်းအရင်းနဲ့ တကွ ပြောပြလာခဲ့ပါတယ် ။

crd : Myanmar Load

zaw gyi

” Pray for Myanmar ” လုပ္စားေနတယ္ ဆိုၿပီးေဝဖန္ေနတဲ့သူေတြကို လုပ္ရပ္နဲ႔သက္ေသျပလိုက္တဲ့ သူဇာဝင့္လြင္

Miss Universe Myanmar သူဇာဝင့္လြင္ ဟာ တိုင္းျပည္အေရးအခင္း ကာလမွာ Miss Universe ပြဲကို သြားေရာက္ယွဥ္ၿပိဳင္ ရတာျဖစ္ၿပီး အခက္အခဲ မ်ိဳးစုံကိုျဖတ္ေက်ာ္ကာ ႏိုင္ငံအတြက္ ဂုဏ္ယူရမယ့္ National Costume ဆုကို ရေအာင္ယူေပး ႏိုင္ခဲ့သူပါ ။ ၿပိဳင္ပြဲအၿပီးမွာလည္း ကိုယ့္ႏိုင္ငံကို ျပန္လာဖို႔ အဆင္မေျပတာ ေၾကာင့္ တိုင္းတပါးမွာပဲ ဆက္လက္ၿပီးအလုပ္ လုပ္ကိုင္ေနခဲ့ပါတယ္ ။
တိုင္းျပည္အတြက္ေစတနာထားတာ ေၾကာင့္ သူမကိုခ်စ္ခင္အားေပးသူေတြ လည္းရွိလာၿပီး နာမည္ႀကီးေမာ္ဒယ္ ေအဂ်င္စီမွာ ေမာ္ဒယ္ တစ္ေယာက္ အျဖစ္နဲ႔ စတင္ရပ္တည္ ေနခဲ့ၿပီပဲျဖစ္ပါတယ္ ။ Miss Universe စင္ျမင့္ထက္မွ
” Pray for Myanmar ” ဆိုင္းဘုတ္ကိုင္ၿပီး ျမန္မာ့အေရးကို Speak out လုပ္ေပးခဲ့ သူလည္းျဖစ္ပါတယ္ ။ သို႔ေပမယ့္လည္း သူမကို ” Pray for Myanmar ” တစ္ခုနဲ႔ လုပ္စားေနတယ္ ဆိုၿပီးေျပာဆိုေဝဖန္ေနတဲ့သူေတြ လည္းရွိေနခဲ့ပါတယ္ ။

 

သူဇာကေတာ့ 12.6.2021 ေန႔မွာ Minnesota က လူငယ္ေတြ ဦးေဆာင္ျပဳလုပ္တဲ့ Youth for Myanmar ဆိုတဲ့တိုင္းရင္းသားေပါင္းစုံ စုေပါင္းရန္ပုံေငြ‌ပြဲမွာ လူအားေရာ ေငြအားပါစိုက္ထုတ္ၿပီး ျပစ္တင္ေဝဖန္သူေတြရဲ႕စကားေတြကို လုပ္ရပ္ တစ္ခုတည္းနဲ႔ ေခ်ပခဲ့ပါတယ္ ။
ဒီပြဲေလးကိုတက္ေရာက္ခဲ့ တဲ့သူမရဲ႕ပုံရိပ္ေတြကိုတင္ေပးရင္း

” 12.6.2021 ေန႔က Minnesota မွာရွိတဲ့ လူငယ္ေတြ ဦးေဆာင္ျပဳလုပ္ေသ Youth for Myanmar ဆိုတဲ့ တိုင္းရင္းသားေပါင္းစုံ စုေပါင္းရန္ပုံေငြ‌ ပြဲေလးမွာ သူဇာလဲတတ္ေရာက္ၿပီး လူအားနဲ႔ ပါဝင္အားျဖည့္ခြင့္ရခဲ့ သလို ကရင္ျပည္နယ္မွာရွိတဲ့ စစ္ေဘးေရွာင္ မိဘျပည္သူမ်ားရဲ႕ ေသာက္ေရသန႔္ အခက္အခဲ ေျဖရွင္းႏိုင္ေစရန္ Water Filter အတြက္ အလႉေငြ က်ပ္ဆယ္သိန္း ကိုလည္း လႉဒါန္းခြင့္ ရခဲ့ပါတယ္ ။ ဒီပြဲကေန ရရွိတဲ့အက်ိဳးအျမတ္ေတြအားလုံးကို ျမန္မာႏိုင္ငံက စစ္ေဘးေရွာင္ ျပည္သူေတြအတြက္ လိုအပ္တဲ့ ေထာက္ပံ့မႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္ ။ အခုလိုမ်ိဳး ႏိုင္ငံရပ္ျခားကေန ကိုယ့္ႏိုင္ငံအတြက္တတ္ႏိုင္တဲ့ ဘက္ကေန အားလုံးဝိုင္းဝန္း ႀကိဳးစားေပး ေနၾကတာ ျမင္ရတာ ပီတိျဖစ္ရသလို အားလည္းတတ္မိပါတယ္။သူဇာလည္းဒီလိုအခ်ိန္မွာ ကိုယ့္ႏိုင္ငံ အတြက္ လူအားေရာ ေငြ‌အားပါ တတ္ႏိုင္သေလာက္ ပါဝင္အားျဖည့္ခြင့္ ရတဲ့အတြက္ ဝမ္းသာမိပါ တယ္ ။သူဇာ့ရဲ႕ ခ်စ္ရတဲ့သူေတြ လည္း ဒီကာလမွာ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ၾကဖို႔နဲ႔ အားတင္းထားၾကဖို႔ မွာခ်င္ပါတယ္ ။ 🙏🏼❤️” ဆိုၿပီး ပြဲတက္ရတဲ့ အေၾကာင္းအရင္းနဲ႔ တကြ ေျပာျပလာခဲ့ပါတယ္ ။

crd : Myanmar Load

Be the first to comment

Leave a Reply

Your email address will not be published.


*