
Missouri မိသားစုဝင်တွေဖြစ်တဲ့ Dave နဲ့ Pam Zaring တို့ဟာ လူလတ်ပိုင်းအရွယ် အတွေ့အကြုံရှိတဲ့ဓာတ်ပုံပညာရှင် အမျိုးသမီးတစ်ဦး နဲ့ ပရောဖက်ရှင်နယ် ဓာတ်ပုံရိုက်ကူးဖို့ အဆက်အသွယ်ပြုလုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်က လက်ထပ်ပြီးတဲ့နောက်မှာ သူတို့ဇနီးမောင်နှံက ၎င်းတို့ရဲ့ပထမဆုံးမိသားစုဓါတ်ပုံရိုက်ကူးရန် အချိန်တန်ပြီလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ၁၂နှစ်အရွယ် ကာဒီ၊ နဲ့ ၈နှစ်အရွယ် ကော်နာ၊ နဲ့ Dave ရဲ့ မိခင် ရှာရွန် တို့ဟာ စိန့်လူးဝစ္စမှာရှိတဲ့ လှပတဲ့သစ်တောဥယျာဉ်သို့ ကားမောင်းသွားပြီး ဓာတ်ပုံဆရာမကို ဒေါ်လာ ၂၅၀ အောက်သာ ပေးပြီး ဓာတ်ပုံရိုက်စေခဲ့ပါတယ်။
ဓာတ်ပုံကိုတည်းဖြတ်ဖို့ ရက်သတ္တပတ်အနည်းငယ်အကြာလောက်မှ ပြန်တွေ့မယ်လို့ ပရောဖက်ရှင်နယ် ဓာတ်ပုံဆရာမက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရက်သတ္တပတ်များစွာကနေမှ လပေါင်းအထိပြောင်းလာခဲ့ပါတယ်။ သူတို့ထင်တာကတော့ အလိမ်ခံရပြီးဆိုပြီး သူတို့ရဲ့ဘ ၀ တွေနဲ့အတူဆက်သွားနေပါတော့တယ်။အဲဒီနောက် “ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာ” ဟာ Pam Zarings ကိုဆက်သွယ်ခဲ့ပြီး ဓာတ်ပုံတွေကို တည်းဖြတ်ပြီးပြီဖြစ်ကြောင်း၊ စာ ဖြင့် ပို့မယ်လို့ ပြောခဲ့ပါတယ်။ ကြာသပတေးနေ့မှာ Pam Zarings ဟာဓာတ်ပုံများပါတဲ့ အထုပ်တစ်ခုကို လက်ခံရရှိခဲ့၊ပေမဲ့ အဖြေကတော့ သူတို့မျှော်လင့်ထားတဲ့ အတိုင်းတော့ မဟုတ်ခဲ့ပါဘူး။ သူမဓာတ်ပုံတွေကို ပထမဆုံးအကြိမ်ကြည့်ပြီး Pam က “ကျွန်မဒီဘ ၀ မှာ ဒီလိုမျိုး တခါမှ မရယ်ဖူးဘူး” ဆိုပြီး ပြောကြားခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံတွေ မကြာခင်မှာဘဲ ပျံ့နှံ့သွားပြီး တစ်ပတ်မပြည့်ခင် သူတို့ရဲ့ Facebook ပေါ်မှာ အကြိမ်ပေါင်း ၃၀၀,၀၀၀ ကျော် မျှဝေခံခဲ့ရပါတယ်။ သူတို့ရဲ့ပုံတွေကို အွန်လိုင်းပေါ်မှာ အလွန်ရေပန်းစားပြီး ဘယ်လိုတွေများတည်းဖြတ်ထားကြောင်းကိုလည်း စိတ်ဝင်တစားမေးလာကြပါတယ်။ ရလဒ်ကတော့ ဓာတ်ပုံတွေကိုသာ ကြည့်ကြည့်လိုက်ပါတော့။
zaw gyi
Missouri မိသားစုဝင္ေတြျဖစ္တဲ့ Dave နဲ႔ Pam Zaring တို႔ဟာ လူလတ္ပိုင္းအ႐ြယ္ အေတြ႕အႀကဳံရွိတဲ့ဓာတ္ပုံပညာရွင္ အမ်ိဳးသမီးတစ္ဦး နဲ႔ ပေရာဖက္ရွင္နယ္ ဓာတ္ပုံ႐ိုက္ကူးဖို႔ အဆက္အသြယ္ျပဳလုပ္ခဲ့ပါတယ္။
လြန္ခဲ့တဲ့သုံးႏွစ္က လက္ထပ္ၿပီးတဲ့ေနာက္မွာ သူတို႔ဇနီးေမာင္ႏွံက ၎တို႔ရဲ႕ပထမဆုံးမိသားစုဓါတ္ပုံ႐ိုက္ကူးရန္ အခ်ိန္တန္ၿပီလို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ သူတို႔ရဲ႕ သားႏွစ္ေယာက္ျဖစ္တဲ့ ၁၂ႏွစ္အ႐ြယ္ ကာဒီ၊ နဲ႔ ၈ႏွစ္အ႐ြယ္ ေကာ္နာ၊ နဲ႔ Dave ရဲ႕ မိခင္ ရွာ႐ြန္ တို႔ဟာ စိန႔္လူးဝစၥမွာရွိတဲ့ လွပတဲ့သစ္ေတာဥယ်ာဥ္သို႔ ကားေမာင္းသြားၿပီး ဓာတ္ပုံဆရာမကို ေဒၚလာ ၂၅၀ ေအာက္သာ ေပးၿပီး ဓာတ္ပုံ႐ိုက္ေစခဲ့ပါတယ္။
ဓာတ္ပုံကိုတည္းျဖတ္ဖို႔ ရက္သတၱပတ္အနည္းငယ္အၾကာေလာက္မွ ျပန္ေတြ႕မယ္လို႔ ပေရာဖက္ရွင္နယ္ ဓာတ္ပုံဆရာမက ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ရက္သတၱပတ္မ်ားစြာကေနမွ လေပါင္းအထိေျပာင္းလာခဲ့ပါတယ္။ သူတို႔ထင္တာကေတာ့ အလိမ္ခံရၿပီးဆိုၿပီး သူတို႔ရဲ႕ဘ ၀ ေတြနဲ႔အတူဆက္သြားေနပါေတာ့တယ္။အဲဒီေနာက္ “ ပေရာ္ဖက္ရွင္နယ္ဓာတ္ပုံဆရာ” ဟာ Pam Zarings ကိုဆက္သြယ္ခဲ့ၿပီး ဓာတ္ပုံေတြကို တည္းျဖတ္ၿပီးၿပီျဖစ္ေၾကာင္း၊ စာ ျဖင့္ ပို႔မယ္လို႔ ေျပာခဲ့ပါတယ္။ ၾကာသပေတးေန႔မွာ Pam Zarings ဟာဓာတ္ပုံမ်ားပါတဲ့ အထုပ္တစ္ခုကို လက္ခံရရွိခဲ့၊ေပမဲ့ အေျဖကေတာ့ သူတို႔ေမွ်ာ္လင့္ထားတဲ့ အတိုင္းေတာ့ မဟုတ္ခဲ့ပါဘူး။ သူမဓာတ္ပုံေတြကို ပထမဆုံးအႀကိမ္ၾကည့္ၿပီး Pam က “ကြၽန္မဒီဘ ၀ မွာ ဒီလိုမ်ိဳး တခါမွ မရယ္ဖူးဘူး” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။ အဲ့ဒီဓာတ္ပုံေတြ မၾကာခင္မွာဘဲ ပ်ံ႕ႏွံ႔သြားၿပီး တစ္ပတ္မျပည့္ခင္ သူတို႔ရဲ႕ Facebook ေပၚမွာ အႀကိမ္ေပါင္း ၃၀၀,၀၀၀ ေက်ာ္ မွ်ေဝခံခဲ့ရပါတယ္။ သူတို႔ရဲ႕ပုံေတြကို အြန္လိုင္းေပၚမွာ အလြန္ေရပန္းစားၿပီး ဘယ္လိုေတြမ်ားတည္းျဖတ္ထားေၾကာင္းကိုလည္း စိတ္ဝင္တစားေမးလာၾကပါတယ္။ ရလဒ္ကေတာ့ ဓာတ္ပုံေတြကိုသာ ၾကည့္ၾကည့္လိုက္ပါေတာ့။
Leave a Reply