Marvel Movie တွေထဲမှာ ပါဝင်ခွင့်ရတဲ့ ဒုတိယမြောက် ကိုရီးယား မင်းသား Park Seo Joon

မင်းသား Park Seo Joon ဟာ Marvel ရဲ့ The Marvels သရုပ်ဆောင် Brie Larson နှင့်အတူ ပူးပေါင်းရန် စီစဉ်ထားကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ် ။
Star News မှဖော်ပြချက်အရတော့ မင်းသား Park Seo Joon က သိပ်မကြာသေးခင်က The Marvels ဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်းနဲ့ အဲဒီကိစ္စနဲ့ပက်သက်ပြီး ပြန်လည် သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မင်းသား Park Seo Joon က The Marvels’ မှာ Brie Larson နှင့်အတူ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မင်းသား Park Seo Joon ဟာ လတ်တလော သူ့ရဲ့ Concrete Utopia ရုပ်ရှင်ကို အဆုံးသတ်ထားပြီး The Marvels အတွက် စတင် ရိုက်ကူးဖို့ အမေရိကန်ကို ထွက်ခွာရမှာဖြစ်တယ်လို့ ဆိုပါတယ်။


The Marvel ရုပ်ရှင်ရဲ့ကြယ်ပွင့် Brie Larson က Captain Marvel နှင့် Teyonah Parris က Monica Rambeau အဖြစ်သရုပ်ဆောင်မှာ ဖြစ်ပြီး The Marvels ရုပ်ရှင်ဟာ Marvel ရဲ့ပထမဆုံး အမျိုးသမီး စူပါဟီးရိုး ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ 1.1 ဘီလီယံ အကုန်ကျခံ ရိုက်ကူးမှာဖြစ်ကြောင်း ကနဦး သိရပါတယ်။

source : all kpop

zaw gyi

မင္းသား Park Seo Joon ဟာ Marvel ရဲ႕ The Marvels သ႐ုပ္ေဆာင္ Brie Larson ႏွင့္အတူ ပူးေပါင္းရန္ စီစဥ္ထားေၾကာင္း သတင္းထြက္ေပၚလာခဲ့ပါတယ္ ။
Star News မွေဖာ္ျပခ်က္အရေတာ့ မင္းသား Park Seo Joon က သိပ္မၾကာေသးခင္က The Marvels ဇာတ္ကားမွာ ပါဝင္ဖို႔ ကမ္းလွမ္းမႈကို လက္ခံရရွိခဲ့ေၾကာင္းနဲ႔ အဲဒီကိစၥနဲ႔ပက္သက္ၿပီး ျပန္လည္ သုံးသပ္ျခင္းႏွင့္ ေဆြးေႏြးျခင္းမ်ား ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ မင္းသား Park Seo Joon က The Marvels’ မွာ Brie Larson ႏွင့္အတူ သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

မင္းသား Park Seo Joon ဟာ လတ္တေလာ သူ႔ရဲ႕ Concrete Utopia ႐ုပ္ရွင္ကို အဆုံးသတ္ထားၿပီး The Marvels အတြက္ စတင္ ႐ိုက္ကူးဖို႔ အေမရိကန္ကို ထြက္ခြာရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

The Marvel ႐ုပ္ရွင္ရဲ႕ၾကယ္ပြင့္ Brie Larson က Captain Marvel ႏွင့္ Teyonah Parris က Monica Rambeau အျဖစ္သ႐ုပ္ေဆာင္မွာ ျဖစ္ၿပီး The Marvels ႐ုပ္ရွင္ဟာ Marvel ရဲ႕ပထမဆုံး အမ်ိဳးသမီး စူပါဟီး႐ိုး ႐ုပ္ရွင္ျဖစ္ၿပီး ေဒၚလာ 1.1 ဘီလီယံ အကုန္က်ခံ ႐ိုက္ကူးမွာျဖစ္ေၾကာင္း ကနဦး သိရပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*