အသက် ၃၃ နှစ်ကွာတဲ့ အချစ်ဇာတ်လမ်း ‘Everglow’ ရုပ်ရှင်တွင် ပါဝင်သွားမယ့် Go Doo Shim နှင့် Ji Hyun Woo

ကိုးရီးယား ရုပ်ရှင် ပရိသတ်များ အားလုံးသိကြတဲ့ မင်းသမီးကြီး Go Dooshim နှင့် မင်းသား Ji Hyunwoo တို့ဟာ မကြာခင် ပြသမယ့် Everglowဆိုတဲ့ အချစ်ဇာတ်လမ်း ရုပ်ရှင်ထဲတွင် ချစ်သူအဖြစ် ပါဝင်ထားကြောင်း ဖော်ပြထားပါတယ်။

‘Everglow’ ရုပ်ရှင်ဟာ ဂျယ်ဂျူး ရဲ့အမျိုးသမီး ရေငုပ်သမား Jinok အဖြစ် သရုပ်ဆောင်မယ့် မင်းသမီး Go Dooshim နှင့် မှတ်တမ်း ရုပ်ရှင်ထုတ်လုပ်သူ Kyunghoon အဖြစ် ပါဝင်မယ့် မင်းသား Ji Hyunwoo တို့ရဲ့ အကြောင်း ဇာတ်လမ်းနောက်ခံထားတယ်လို့ဆိုပါတယ်။ အမျိုးသမီးရေငုပ်သမား Jinok ထက် အသက် 33 နှစ်ငယ်သည့် ရုပ်ရှင်ထုတ်လုပ်သူ Kyunghoon ဟာ ဆိုးလ်မှလာပြီး သူမအတွက် ရိုက်ကူးရန် လာရာမှ တစ်ဦးအပေါ် တစ်ဦး မေတ္တာ သက်ဝင်ခဲ့ကြကြောင်း ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းကို ဇွန်လ 30 ရက်နေ့တွင် ပြသမည် ဖြစ်ပြီး အသက်ကြီးအရွယ်အို အမျိုးသမီးနှင့် လူငယ်တစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းအသစ် ဖြစ်တာကြောင့် အားလုံးက စိတ်ဝင်တစားနေကြပြီး ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး Go Dooshim ကိုယ်တိုင်က သူမရဲ့ 49 နှစ်ကျော်ရှိပြီဖြစ်တဲ့ အနုပညာသက်တမ်းမှာ ဒါကသူ့အတွက် ပထမဆုံး ဇာတ်ကောင် ပုံစံဖြစ်ပြီး စိန်ခေါ်မှု အသစ်ဖြစ်တယ်ဟု ပြောကြားခဲ့ပါတယ်။

“ ဒီရုပ်ရှင်ဟာ လူတစ်ယောက်က ဘယ်လောက် အသက်ကြီးနေပါစေ ချစ်ခြင်းမေတ္တာ ပေါက်ဖွား လာနိုင်တယ်ဆိုတာ ကောင်းစွာဖော်ပြပေးနိုင်မယ်လို့ ထင်ပါတယ်” လို့မှတ်ချက် ပေးခဲ့ပါတယ်။ မင်းသမီး Go Dooshim ဟာ ကိုးရီးယား ဇာတ်လမ်းများရဲ့ သရုပ်ဆောင်မိခင်ကြီးအဖြစ် ကျော်ကြားပြီး ခုတစ်ခါ မတူထူးခြားတဲ့ ဇာတ်ကောင် အမျိုးသမီး ပုံစံအသစ်ကို သရုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် အားလုံးစိတ်ဝင်စားစောင့်မျှော်နေကြပါတယ်။

မင်းသမီး Go Doo Shim ကို 1951 ခုနှစ်တွင် မွေးဖွားခဲ့ပြီး မင်းသား Ji Hyun Woo ကိုတော့ 1984 တွင်မွေးဖွားခဲ့တာဖြစ်ပါတယ်။ ထူးခြားမယ့် ဇာတ်လမ်း ’Everglow’ ရုပ်ရှင်ကို ဇွန်လ 30 ရက်နေ့တွင် ရုံတင်ပြသမှာဖြစ်ကြောင်း သိရပါတယ်။

source: allkpop

zaw gyi

ကိုးရီးယား ႐ုပ္ရွင္ ပရိသတ္မ်ား အားလုံးသိၾကတဲ့ မင္းသမီးႀကီး Go Dooshim ႏွင့္ မင္းသား Ji Hyunwoo တို႔ဟာ မၾကာခင္ ျပသမယ့္ Everglowဆိုတဲ့ အခ်စ္ဇာတ္လမ္း ႐ုပ္ရွင္ထဲတြင္ ခ်စ္သူအျဖစ္ ပါဝင္ထားေၾကာင္း ေဖာ္ျပထားပါတယ္။

 

‘Everglow’ ႐ုပ္ရွင္ဟာ ဂ်ယ္ဂ်ဴး ရဲ႕အမ်ိဳးသမီး ေရငုပ္သမား Jinok အျဖစ္ သ႐ုပ္ေဆာင္မယ့္ မင္းသမီး Go Dooshim ႏွင့္ မွတ္တမ္း ႐ုပ္ရွင္ထုတ္လုပ္သူ Kyunghoon အျဖစ္ ပါဝင္မယ့္ မင္းသား Ji Hyunwoo တို႔ရဲ႕ အေၾကာင္း ဇာတ္လမ္းေနာက္ခံထားတယ္လို႔ဆိုပါတယ္။ အမ်ိဳးသမီးေရငုပ္သမား Jinok ထက္ အသက္ 33 ႏွစ္ငယ္သည့္ ႐ုပ္ရွင္ထုတ္လုပ္သူ Kyunghoon ဟာ ဆိုးလ္မွလာၿပီး သူမအတြက္ ႐ိုက္ကူးရန္ လာရာမွ တစ္ဦးအေပၚ တစ္ဦး ေမတၱာ သက္ဝင္ခဲ့ၾကေၾကာင္း ျဖစ္ပါတယ္။

႐ုပ္ရွင္ဇာတ္လမ္းကို ဇြန္လ 30 ရက္ေန႔တြင္ ျပသမည္ ျဖစ္ၿပီး အသက္ႀကီးအ႐ြယ္အို အမ်ိဳးသမီးႏွင့္ လူငယ္တစ္ေယာက္တို႔ရဲ႕ အခ်စ္ဇာတ္လမ္းအသစ္ ျဖစ္တာေၾကာင့္ အားလုံးက စိတ္ဝင္တစားေနၾကၿပီး ဝါရင့္ သ႐ုပ္ေဆာင္ မင္းသမီးႀကီး Go Dooshim ကိုယ္တိုင္က သူမရဲ႕ 49 ႏွစ္ေက်ာ္ရွိၿပီျဖစ္တဲ့ အႏုပညာသက္တမ္းမွာ ဒါကသူ႔အတြက္ ပထမဆုံး ဇာတ္ေကာင္ ပုံစံျဖစ္ၿပီး စိန္ေခၚမႈ အသစ္ျဖစ္တယ္ဟု ေျပာၾကားခဲ့ပါတယ္။

“ ဒီ႐ုပ္ရွင္ဟာ လူတစ္ေယာက္က ဘယ္ေလာက္ အသက္ႀကီးေနပါေစ ခ်စ္ျခင္းေမတၱာ ေပါက္ဖြား လာႏိုင္တယ္ဆိုတာ ေကာင္းစြာေဖာ္ျပေပးႏိုင္မယ္လို႔ ထင္ပါတယ္” လို႔မွတ္ခ်က္ ေပးခဲ့ပါတယ္။ မင္းသမီး Go Dooshim ဟာ ကိုးရီးယား ဇာတ္လမ္းမ်ားရဲ႕ သ႐ုပ္ေဆာင္မိခင္ႀကီးအျဖစ္ ေက်ာ္ၾကားၿပီး ခုတစ္ခါ မတူထူးျခားတဲ့ ဇာတ္ေကာင္ အမ်ိဳးသမီး ပုံစံအသစ္ကို သ႐ုပ္ေဆာင္သြားမွာ ျဖစ္တာေၾကာင့္ အားလုံးစိတ္ဝင္စားေစာင့္ေမွ်ာ္ေနၾကပါတယ္။

မင္းသမီး Go Doo Shim ကို 1951 ခုႏွစ္တြင္ ေမြးဖြားခဲ့ၿပီး မင္းသား Ji Hyun Woo ကိုေတာ့ 1984 တြင္ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ထူးျခားမယ့္ ဇာတ္လမ္း ’Everglow’ ႐ုပ္ရွင္ကို ဇြန္လ 30 ရက္ေန႔တြင္ ႐ုံတင္ျပသမွာျဖစ္ေၾကာင္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*