မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အတွက် နယူးဇီလန်က ဒေါ်လာ ၈ ဒသမ ၂၅ သန်း ကူညီမည်

မြန်မာနိုင်ငံတွင်းက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အိုင်ဒီပီတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ဒေါ်လာ ၈ ဒသမ ၂၅ သန်း အကူအညီပေးမယ်လို့ နယူးဇီလန်နိုင်ငံ အစိုးရက ကြေညာပါတယ်။

ရိုဟင်ဂျာတွေကိုကူညီဖို့ ဒေါ်လာ ၅ သန်းခွဲကို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (အန်ဂျီအို)တွေကိုပေးပို့သွားမှာဖြစ်ပြီး မြန်မာပြည်တွင်းက အိုင်ဒီပီတွေအတွက်တော့ ဒေါ်လာ ၂ ဒသမ ၇၅ သန်း ကူညီပေးမှာလို့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး နာနီရာမာဟူတာက ကြေညာချက်ထုတ်ပြန် ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး နယူးဇီလန်အစိုးရက စိုးရိမ်တဲ့ အကြောင်း၊ အခြေအနေတွေဟာ ပိုဆိုးရွားလာနေပြီး ပဋိပက္ခတွေကြောင့် ပြည်သူ ၃၃၆,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ နေစရာမဲ့ဖြစ်နေကြရတယ်လို့ ဝန်ကြီးကပြောပါတယ်။
နယူးဇီလန်အစိုးရ အနေနဲ့ စစ်အာဏာသိမ်းမှုကို ဆက်လက် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုတယ်လို့ လည်း နိုင်ငံခြားရေးဝန်ကြီး မာဟူတာက ပြောပါတယ်။

source : DVB

zaw gyi

ျမန္မာႏိုင္ငံတြင္းက ေနရပ္စြန႔္ခြာထြက္ေျပးေနရတဲ့ အိုင္ဒီပီေတြနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ႐ိုဟင္ဂ်ာေတြအတြက္ လူသားခ်င္းစာနာမႈအကူအညီအျဖစ္ ေဒၚလာ ၈ ဒသမ ၂၅ သန္း အကူအညီေပးမယ္လို႔ နယူးဇီလန္ႏိုင္ငံ အစိုးရက ေၾကညာပါတယ္။

႐ိုဟင္ဂ်ာေတြကိုကူညီဖို႔ ေဒၚလာ ၅ သန္းခြဲကို ကုလသမဂၢေအဂ်င္စီေတြနဲ႔ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္း (အန္ဂ်ီအို)ေတြကိုေပးပို႔သြားမွာျဖစ္ၿပီး ျမန္မာျပည္တြင္းက အိုင္ဒီပီေတြအတြက္ေတာ့ ေဒၚလာ ၂ ဒသမ ၇၅ သန္း ကူညီေပးမွာလို႔ နယူးဇီလန္ ႏိုင္ငံျခားေရးဝန္ႀကီး နာနီရာမာဟူတာက ေၾကညာခ်က္ထုတ္ျပန္ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ပတ္သက္ၿပီး နယူးဇီလန္အစိုးရက စိုးရိမ္တဲ့ အေၾကာင္း၊ အေျခအေနေတြဟာ ပိုဆိုး႐ြားလာေနၿပီး ပဋိပကၡေတြေၾကာင့္ ျပည္သူ ၃၃၆,၀၀၀ ေလာက္ဟာ ေနရပ္စြန႔္ခြာ ေနစရာမဲ့ျဖစ္ေနၾကရတယ္လို႔ ဝန္ႀကီးကေျပာပါတယ္။
နယူးဇီလန္အစိုးရ အေနနဲ႔ စစ္အာဏာသိမ္းမႈကို ဆက္လက္ ကန႔္ကြက္ရႈတ္ခ်ေၾကာင္းနဲ႔ အရပ္သားအစိုးရကို အာဏာျပန္ေပးဖို႔၊ အၾကမ္းဖက္မႈေတြကို ရပ္တန႔္ဖို႔ ေတာင္းဆိုတယ္လို႔ လည္း ႏိုင္ငံျခားေရးဝန္ႀကီး မာဟူတာက ေျပာပါတယ္။

source : DVB

Be the first to comment

Leave a Reply

Your email address will not be published.


*