ဇွန်လ ၁၁ ရက် ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲမှာ မြန်မာအသင်းက ကာဂျစ္စတန်ကို (၁-၈) ဂိုးဖြင့် ရှုံးနိမ့်

ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာလက်ရွေးစင်အသင်းနဲ့ ကာဂျစ္စတန် အသင်းတို့ ဇွန်လ ၁၁ ရက်က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက (၁-၈) ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်းပွဲချိန် ၂၄ မိနစ်မှာတင် ရန်နိုင်ဦး အထုတ်ခံခဲ့ရလို့ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်းမှာတင် ၅ ဂိုးသွင်းခံရပြီး ဒုတိယပိုင်းမှာ ၃ ဂိုးထပ်သွင်းခံရကာ ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ စုစုပေါင်း ၁ ဂိုး ၈ ဂိုးနဲ့ ရှုံးနိမ့်သွားတာပါ။ မြန်မာအသင်းတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ အလယ်တန်းလူ လှိုင်းဘိုဘိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်က အိမ်ရှင် ဂျပန်အသင်းနဲ့ ပွဲစဉ်မှာလည်း ၁၀ ဂိုးပြတ် စံချိန်တင်ရှုံးနိမ့် ခဲ့ပါတယ်။

မြန်မာ၊ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ မွန်ဂိုလီးယားတို့ ပါဝင်တဲ့ အုပ်စု F မှာ ဂျပန်အသင်းက လက်ကျန်ပွဲတွေရှိနေပေမဲ့ လက်ရှိ ၇ ပွဲကစား ရမှတ် ၂၁ မှတ် အုပ်စုပထမနဲ့ ခြေစစ်ပွဲ အောင်သွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာအသင်းကတော့ ၇ ပွဲကစား ရမှတ် ၆ မှတ်နဲ့ အုပ်စုနောက်ဆုံး အသင်း ၂ နေရာမှာ ရှိနေပြီး ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ဝေးသွားပြီဖြစ်ပါတယ်။

PHOTO- AFC
source :dvb

zawgyi

ကမၻာ့ဖလား ဒုတိယအဆင့္ ေျခစစ္ပြဲအျဖစ္ ျမန္မာလက္ေရြးစင္အသင္းနဲ႔ ကာဂ်စၥတန္ အသင္းတို႔ ဇြန္လ ၁၁ ရက္က ဂ်ပန္နိုင္ငံ၊ အိုဆာကာၿမိဳ႕မွာ ယွဥ္ၿပိဳင္ကစားၾကရာမွာ ျမန္မာအသင္းက (၁-၈) ဂိုးနဲ႔ ရွုံးနိမ့္သြားပါတယ္။

ျမန္မာအသင္းဟာ ပထမပိုင္းပြဲခ်ိန္ ၂၄ မိနစ္မွာတင္ ရန္နိုင္ဦး အထုတ္ခံခဲ့ရလို႔ ၁၀ ေယာက္တည္းနဲ႔ ကစားခဲ့ရတာျဖစ္ပါတယ္။

ျမန္မာအသင္းဟာ ပထမပိုင္းမွာတင္ ၅ ဂိုးသြင္းခံရၿပီး ဒုတိယပိုင္းမွာ ၃ ဂိုးထပ္သြင္းခံရကာ ေခ်ပဂိုး ၁ ဂိုး ျပန္သြင္းနိုင္ခဲ့လို႔ ပြဲအၿပီးမွာ စုစုေပါင္း ၁ ဂိုး ၈ ဂိုးနဲ႔ ရွုံးနိမ့္သြားတာပါ။ ျမန္မာအသင္းတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးကိုေတာ့ ပြဲခ်ိန္ ၆၉ မိနစ္မွာ အလယ္တန္းလူ လွိုင္းဘိုဘိုက သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ျမန္မာအသင္းဟာ ၿပီးခဲ့တဲ့ ေမလ ၂၈ ရက္က အိမ္ရွင္ ဂ်ပန္အသင္းနဲ႔ ပြဲစဥ္မွာလည္း ၁၀ ဂိုးျပတ္ စံခ်ိန္တင္ရွုံးနိမ့္ ခဲ့ပါတယ္။

ျမန္မာ၊ ဂ်ပန္၊ ကာဂ်စၥတန္၊ တာဂ်စ္ကစၥတန္နဲ႔ မြန္ဂိုလီးယားတို႔ ပါဝင္တဲ့ အုပ္စု F မွာ ဂ်ပန္အသင္းက လက္က်န္ပြဲေတြရွိေနေပမဲ့ လက္ရွိ ၇ ပြဲကစား ရမွတ္ ၂၁ မွတ္ အုပ္စုပထမနဲ႔ ေျခစစ္ပြဲ ေအာင္သြားခဲ့ၿပီျဖစ္ပါတယ္။

ျမန္မာအသင္းကေတာ့ ၇ ပြဲကစား ရမွတ္ ၆ မွတ္နဲ႔ အုပ္စုေနာက္ဆုံး အသင္း ၂ ေနရာမွာ ရွိေနၿပီး ေျခစစ္ပြဲေအာင္ဖို႔ ေမၽွာ္လင့္ခ်က္ ေဝးသြားၿပီျဖစ္ပါတယ္။

PHOTO- AFC

 

Be the first to comment

Leave a Reply

Your email address will not be published.


*