အမိုက်စား Variety Show အစီအစဉ်အသစ်တွင်ပါဝင်ကြမယ့်Lee Dong Wook, Kim Go Eun နှင့် Lee Ji A

ဒီအစီအစဉ်အသစ်ကို JTBC ရဲ့ Begin Again နောက်ကွယ်မှ ထုတ်လုပ်ရေးအဖွဲ့က တင်ဆက်သွားမှာဖြစ်ပြီး The Sea I Desire ဟုအမည်ပေးထားတဲ့ အစီအစဉ်အသစ်ဖြစ်ပါတယ်။

“ The Sea I Desire” ဟာ အနုပညာနှင့် ဖျော်ဖြေရေး အစီအစဉ်ဖြစ်ပြီး လှပသော ပင်လယ်ဘေးရှိ live bar တွင် နာမည်ကြီး အနုပညာရှင်များက သူတို့ရဲ့ တေးဂီတများ ၊အိမ်လုပ် ဟင်းလျာများနှင့် healing ဖြစ်စေမယ့် program ဖြစ်ပါတယ်။

အစီအစဉ်နှင့် ပတ်သက်တဲ့ keyword ကတော့ ပင်လယ်၊ ဘားနှင့် ဆန္ဒတို့ဖြစ်ပါတယ်။ လာရောက်လည်ပတ် သူများအတွက် သူတို့ရဲ့ နေ့စဉ်ဘဝက ရုန်းထွက်ပြီး အေးချမ်းတဲ့ပင်လယ်၊ တေးဂီတနှင့် အရသာရှိသော အစားအစာများဖြင့် အထူးနေ့တစ်နေ့ကို အတူ ဖြတ်သန်းရဖို့ ရည်ရွယ်ပါတယ်။

Yoon Jong Shin၊ Lee Ji Ah၊ Lee Dong Wook၊ SHINee အဖွဲ့ဝင် Onew၊ Kim Go Eun နှင့် AKMU မှ Lee Suhyun တို့က အစီအစဉ်တွင် ပါဝင်မည်ဖြစ်ပါတယ်။ သူတို့ဟာ ဧည့်သည်များအတွက် အစားအသောက်များ ချက်ပြုတ်ပေးပြီး သီချင်းဆိုရုံသာ မကဘဲ အတွင်းပိုင်းနှင့် စီမံခန့်ခွဲမှုများပါ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အလွန်ကောင်းမွန်တဲ့ အချက်အပြုတ် စွမ်းရည်ရှိသော Lee Ji Ah ဟာ စားဖိုမှူးအနေဖြင့် ပြသပေးမှာဖြစ်ပြီး မီနူးအတွက် ဟင်းလျာအသစ်များကို တီထွင်မှာဖြစ်ပါတယ်။ Lee Dong Wook က အဓိကဖျော်ယမကာ စပ်သူဖြစ်ပြီး သူဟာရေငုပ်တာ၊ ချက်ပြုတ်တာတွေမှာ ပါဝင်မှာပါ။
ရေငုပ်တာနှင့်ပင်လယ် ဂေဟစနစ်ကို အလွန်စိတ်ဝင်စားတဲ့ Kim Go Eun က ocean guard အဖြစ်ပါဝင်ပါမယ်။

Yoon Jong Shin က သူရဲ့ story များကို တေးသီချင်းများဖြင့် ဖော်ပြမည်ဖြစ်ပြီး Onew ကတော့ ဧည့်သည်များအတွက် မုန့်ဖုတ်ပေးမယ့် တာဝန်အပြင် သီချင်းနှင့်လည်း ဖျောဖြေမှာ ဖြစ်ပါတယ်။


နောက်ဆုံးအနေဖြင့် Lee Suhyun ကတော့ သူမရဲ့ unique ဖြစ်တဲ့အသံနှင့် ဧည့်သည်များကို ထူးခြားလှပသော သီချင်းများဖြင့် ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ ထို့အပြင် ဘားရှိ လူများအား မတူကွဲပြားသော တေးဂီတကို ပြသမည့် အထူးအနုပညာရှင် ဧည့်သည်များလည်း ပါဝင်မှာဖြစ်ပါတယ်။

MeloMance မှ Jung Dong Hwan နှင့်အနုပညာရှင် Zai.Ro တို့လည်းပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။“ The Sea I Desire” အစီအစဉ်ကို“ Begin Again” ထုတ်လုပ်သည့်ဒါရိုက်တာ (PD) Song Gwang Jong ကထုတ်လုပ်မည်ဖြစ်ပြီး ဇွန်လ 29 ရက်ည 9 နာရီKSTတွင် ပြသမည်ဖြစ်ပါတယ်။

 

source allkpop

Be the first to comment

Leave a Reply

Your email address will not be published.


*