နားထဲရေဝင် ဘာဆက်လုပ်မလဲ

(၁) ရေဝင်တဲ့ဖက်ကို ခေါင်းစောင်းထားပါ။ ပြီးရင်ဖြစိတဲ့ နားကို လက်ဖဝါးကို တင်းကြပ်နေအောင် ဖိပြီး လေဟာနယ်ဖြစ်အောင် လုပ်ပါ။ ၅စက္ကန့်ထားပြီး ချက်ချင်း ပြန်လွှတ်လိုက်ပါ။ ရေမထွက်မချင်း လုပ်ပေးနိုင်တယ်။

(၂) နောက်တနည်းက valsalva maneuver ခေါ်ပါတယ်။ နှာခေါင်းကို လက်နဲ့ ပိတ်ပြီး အသက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်တဲ့နည်းဖြစ်ပါတယ်။ လုပ်နည်းမှန်ရင် နားထဲမှာရှိတဲ့ Eustachian tubes ပွင့်သွားတယ်။ရေထွက်လာမယ်။


(၃) ဆံပင်မှုတ်စက်(dryer)ကို နားနဲ့ ဆယ်လက်မအကွာမှာ ထားပါ။ dryerပြင်းအားကို အလတ်လတ်အဆင့်မှာထားပြီး စက္ကန့်သုံးဆယ်ကြာ မှုတ်ပါ။ လိုအပ်ရင် နောက်တကြိမ်ထပ်လုပ်နိုင်တယ်။

(၄) နောက်တနည်းက အရက်နဲ့ ရှာလကာရည် တဇွန်းဆီကို ဆတူရောပြီး dropper နဲ့ အစက်သုံးစက်ချပါ။ ထည့်ပြီး ဖြစ်တဲ့နားအပြင်ပိုင်းကို လက်ဖဝါးနဲ့ အသာပွတ်ပေးပါ။ စက္ကန့်သုံးဆယ်ထားပြီး ခေါင်းကို တဖက် ပြန်စောင်းပါ။ နားထဲဝင်တဲ့အရည်တွေ အရက်နဲ့အတူပြန်ထွက်လာတယ်။ သံလွင်ဆီလည်း ပြောင်းလဲသုံးနိုင်တယ်။

(၅) သန့်စင်တဲ့အဝတ်တခုကို ယူပြီး ရေနွေးထဲစိမ်ပါ။ ပြီးရင် အဝတ်စကို နားပေါ်ကပ်ပါ။ စက္ကန့်သုံးဆယ်ထားပါ။ တမိနစ်ခြားပြီ နောက်ထပ် သုံးကြိမ် ထပ်လုပ်ပါ။ သုံးကြိမ်ပြည့်ရင် နားကို တဖက်စောင်းပါ။ အရည်တွေ နားထဲက ထွက်လာနိုင်တယ်။

(၆) ဆားကို အပူပေးပြီး အဝတ်စတခုနဲ့ ထုပ်ပါ။ ရေဝင်တဲ့နားပေါ် တမိနစ်ကြာအောင် ဖိပြီး ကြပ်ထုပ်ထိုးပါ။ ဆားကရေစုပ်တဲ့ အာနိသင်ရှိတယ်။ နားထဲ ရေဝင်သူတွေ ဒီနည်းနဲ့ စမ်းသပ်နိုင်တယ်။

(၇) နောက်ဆုံးနည်းက ဆေးရုံဆေးခန်းမှာ သုံးတဲ့နည်းဖြစ်ပါတယ်။ hydrogen peroxide 3% ကို dropper နဲ့ယူပြီး ဖြစ်တဲ့နားထဲ သုံးစက်ခန့်ချပါ။ တမိနစ်ထားပြီး ခေါင်းကို တဖက်ပြန်စောင်းပါ။ နားထဲဝင်နေတဲ့ အရည်တွေ လွယ်လွယ်ကူကူထွက်လာတာ တွေ့ရလိမ့်မယ်။

( hydrogen peroxide က အရေပြားနဲ့ထိရင် ပုံမှန်အားဖြင့် ပလုံစီလာတတ်တယ်။ မစိုးရိမ်ပါနဲ့။ 6% hydrogen peroxide ကို ရေနဲ့ဆတူရောရင် 3% ဖြစ်လာတယ်။ နားထဲထည့်တဲ့အခါ 3% ပြင်းအားကိုသာ အသုံးပြုရတယ်)

Be the first to comment

Leave a Reply

Your email address will not be published.


*