ပေါင်အတွင်းဘက် ပွန်းပဲ့နာကျင်မှု ကာကွယ်ကုသပေးမယ့်နည်းလမ်း (၃) ခု

ပူအိုက်တဲ့နေ့တွေမှာ ကျွနု်ပ်တို့ ချွေးပိုထွက်ကြပါတယ်။ နေ့ဘက် လမ်းတွေလျှောက်တဲ့အခါ ခြေထောက်တစ်ခုနဲ့တစ်ခု ပွတ်တိုက်မိကြလို့ ပေါင်တွေ နီမြန်း၊ ယားယံ၊ အနီကွက်တွေထပြီး တခါတရံ ပွန်းပဲ့ရာတွေ ဖြစ်ပွားတတ်ပါတယ်။

အဝလွန်သူတွေမှာ ပေါင်တံအတွင်းဘက်ပွန်းပဲ့မှုပြသနာ ပိုခံစားကြတယ်ဆိုပေမယ့် ပိန်တဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ တခါတလေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကြောင့် ဖြစ်ပြီး တခါတလေမှာတော့ တခြားအကြောင်းအရင်းတချို့ကြောင့် ဖြစ်ပါတယ်။


ဒီအချက်တွေ လိုက်နာလုပ်ဆောင်ပါက ပေါင်အတွင်းဘက် ပွန်းပဲ့မှုတွေနဲ့ ကင်းဝေးပါလိမ့်မယ်။

၁။ ချွေးနံ့ပျောက်ဆေးတွေက ချိုင်းကြားအတွက်သာ မဟုတ်ပါဘူး။ ပေါင်နှစ်ခုကြား သန့်ရှင်းခြောက်သွေ့တဲ့ အရေပြားမှာ ချွေးနံ့ပျောက်ဆေးအနည်းငယ် လိမ်းပေးနိုင်ပါတယ်။ လန်းဆန်းမှုဖြစ်သည့်အပြင် အရေပြား ပွန်းပဲ့မှုကနေ ကာကွယ်ပေးပါလိမ့်မယ်။

၂။ ကလေးသုံးပေါင်ဒါမှုန့်က အရွယ်ရောက်ပြီးသူတွေအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ သန့်ရှင်းခြောက်သွေ့တဲ့ အရေပြားပေါ် လိမ်းပေးပါ။

၃။ ပေါင်အတွင်းဘက် ပွန်းပဲ့မှု ကာကွယ်ကုသပေးမယ့် သဘာဝနည်းလမ်းတစ်ခု ရှိပါတယ်။ အုန်းဆီက အရေပြားအတွင်း ကောင်းစွာစုပ်ယူခံရပြီး အရာတွေ တစိုးတစိမျှ ကျန်မနေစေပါဘူး။ ကျိန်းစပ်နီမြန်းတာတွေ လျှောနည်းစေတယ်၊ အနာကို သက်သာစေပြီး အရေပြားကို လုံးဝထိန်းသိမ်းပေးပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*