သင် အင်တာနက်ဖုံး အချိန်ကြာကြာအသုံးပြု့လျှင် …………..ပြုလုပ်သင့်သည်နည်းများ

တိုးတက်လာသည့်ခေတ်ကာလအရ ဖုံး ၊ တက် တို့နှင့် အင်တာနက်ကြည့်ခြင်း ၊ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုခြင်း မည့်သို့ပင်ဖြစ်စေကာမှုု့ အချိန်ကြာကြာအသုံံးပြု့ခြင်းကြောင့် လက်နှစ်ဖက်ကို သွေးသားလည်ပတ်မှု့နှင့် ကြွက်သားလှုပ်ရှားပေးရန် လိုအပ်သဖြင့် လေ့ကျင့်ခန်း လိုအပ်ပါသည် ။

အပန်းမကြီးပါဘူး လုပ်ဆောင်လိုက်ပါ ။ သင့်သည့် ဖုံးဖြင့် အသုံးပြု့ချိန်ကြာမြင်နေလျှင် လက်နှင့် မျက်လုံးများ ရေရှည်အတွက် ကောင်းမွန်စေရန် မိနစ်သုံးစွဲသုံးစွဲပြီးတိုင်း လက်နှစ်ဖက်ကို အပေါ်မြှောက်တင် အောက်ပြန်ချ ထပ်ပြီးလက်ကို ဘေးသို့ကားပေးပါ ( သဘောပေါက်စေရန်အတွက် – အပေါ် မြှောက် ၁ ၊ လက် အောက်ချ ၂ ၊ လက် ဘေးကား ၃ ၊ လက် ပြန်စု ၄ ) ။

ထို့နောက် လက်မောင်းများအတွက် လက်သီးဆုပ် လက်ဝါးဖြန့် ခြင်းကို အကြိမ် ၂၀ အနည်းဆုံးလုပ်ပေးပါ ။ အဲလိုလုပ်ဆောင်ခြင်းကြောင့် လက်ဖျံကြွက်သားများ လှုုပ်ရှားခြင်းနှင့်အတူ လက်မောင်းတစ်လျှောက် သွေးသားလည်ပတ်မှု့ကောင်းစေသဖြင့် လက်ချောင်းလေးများ ထုံခြင်း အကြောကပ်ခြင်းကို ကာကွယ်ရာရောက်ပါတယ် ။


တစ်နေ့ကို နာရီများစွာ ထိတွေ သုံးသူအနေဖြင့် တစ်ပတ်ကို တစ်ကြိမ်ခန့် သံပုရာသီးတစ်လုံးစီကို လက်အတွင်းထည့်ပြီး ပွတ်လုံးဆုပ်ကိုင်ခြင်းအဖြစ်လည်း လက်ကိုလုပ်ဆောင်ပေးပါလို့တိုက်တွန်းလိုပါသည် ။

ကြည့်ရှု့နေသော မျက်လုံးကို အလင်းပြန်အရောင်များကြောင့် မကြာမကြာ ဆက်တိုက်ကြည့်ရှု့ခြင်း မလုပ်ဘဲ မကြာခဏ ဘေးဖက်ဘယ်ညာ ပတ်ဝန်းကျင်ကို ကြည့်ကြည့်ပေးပါ ။ ဒါမှသာ မျက်လုံးကို အလင်းပြန်အရောင်ကြောင့် ထိခိုက်နိုင်မှု့နည်းပါး သက်သာပါမည် ။

ဦးခေါင်းကိုလည်း အချိန်ကြာကြာစိုက်ငုတ် ထားခြင်းကြောင့် အချိန်အားဖြင့် ရက်မှလအဖြစ်သို့ ကြာမြင့်လာလျှင် ကျီးပေါင်းတက်ခြင်း ၊ အကြောညှပ်ခြင်း ဖြစ်တက်ပါတယ် ။ ဒါကြောင့် ဦးခေါင်းကို ထက်အောက်ဘယ်ညာဘေးဖက်သို့ဖြေးဖြေးခြင်း ဦးခေါင်းဇတ်ပိုး လေ့ကျင့်ခန်း သုံးကြိမ်လောက်လုပ်ပေးပါ ။

သင် အသုံးပြု့အချိန်ကြာလာလျှင် ဇက်ပိုးတွေတင်းလာမည့်ခံစားမှု့ဖြစ်ပေါ်လျှင် လုပ်ဆောင်ပေးလိုက်ပါ ဒါမှ မဟုတ်အချိန်အားဖြင့်ဆိုရင် တစ်နာရီအတွင်းပါ သို့သောလည်း မိမိအာရုံစိုက်မှု့အပေါ်လည်း မူတည်သဖြင့် ပေါ့ပါ့ပါးပါးဖြစ်လို့အချိန်မရွေးလုပ်ဆောင်နိုင်သလို သင့်ယခု လုပ်ဖြစ်အောင်လုပ်လိုက်ပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*