ရုတ်တရက် ကြွက်တက် ရင် ချက်ချင်း သက်သာစေမည့် နည်းလမ်း

ရုတ်တရက် ကြွက်တက်ရင် ချက်ချင်း သက်သာစေမည့် နည်းလမ်း

ခြေဖဝါးကို လှန်ပြီး နှိပ်ပါခြေထောက်ကြွက်တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြွက်တက်ခြင်းဆိုတာ ခြေသလုံး အနောက်ဘက်နေရာက ကြွက်သားတွေ ကိုက်ခဲတင်းမာလာပြီး တအား နာကျင်လာတတ်တဲ့ ခံစားမှုမျိုးပါ။ တစ်ခါတလေ ခြေဖဝါးက ကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချိန်အားဖြင့် စက္ကန့်ပိုင်းနဲ့ မိနစ်အနည်းငယ်လောက် ကြာတတ်ပြီး တချို့တွေမှာ ၁၀ မိနစ်လောက် ဖြစ်တတ်ပါတယ်။ တစ်ချို့လူတွေဆို တစ်နေကုန်အလုပ်မှာ မတ်တတ်ရပ်နေရတာမို့ အိမ်ပြန်ရောက်လို့ ရေချိုးအိပ်ယာဝင်ခါနီး အချိန်တွေမှာ ကြွက်တက်တတ်ပါတယ်။

အသက်ကြီးသူတွေမှာ အများဆုံး ဖြစ်တတ်ပြီး တခြားကျန်းမာရေး ပြဿနာတွေကြောင့် သောက်သုံးနေရတဲ့ ဆေးဝါး တချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကြွက်သားတွေကို အပြင်းအထန် ဖိအားပေးခံရတာမျိုး၊ ရေဓာတ်ခန်းခြောက်တာမျိုး၊ သွေးထဲမှာ ဆားဓာတ် မညီမျှတာမျိုး၊ ကိုယ်ဝန်ဆောင်ချိန်၊ သိုင်းရွိုက်ပြဿနာ၊ ခြေထောက်အတွင်း သွေးလည်ပတ်မှု အားနည်းတာမျိုး၊ အရက်အလွန်အကျွံ သောက်တာမျိုး၊ အာရုံကြော အားနည်းတာ၊ ကျောက်ကပ်ရောဂါကု ဆေးဝါးတွေ သောက်သုံးနေရတာမျိုးတွေကြောင့် ကြွက်တက်တတ်ပါတယ်။

တစ်စုံတစ်ယောက် ကြွက်တက်ပြီဆိုရင် ချက်ချင်း သူ့ခြေထောက်ကို ဖြောင့်တန်းစွာ ဆန့်တန်းထားပေးလိုက်ပါ။ ပြီးရင် ဒူးကို မကြွစေအောင် တက်ဖိထားပြီး ခြေဖဝါးအလယ်တည့်တည့်ကို စမ်းကြည့်လိုက်ပါ။ အလယ်တည့်တည့်မှာ အချောင်းကြီး တစ်ချောင်းဖြစ်နေတာတွေ့ရပါလိမ့်မယ်။ အဲဒီအချောင်းကြီးကို ပျော့သွားအောင် ခြေပေးပါ။ ဒီအချောင်းကြိး ပြေသွားတာနဲ့ ကြွက်တက်တာလည်း ပြေသွားတာကို သိသိသာသာကြီးတွေ့ရမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*