နာကျင်မှု ဝေဒနာ အတွက် အိမ်တွင်း ကုထုံးများ

လေ့လာမှုတွေ အရ ကျွန်မတို့လူသား အားလုံးရဲ့၅၀%ကျော်ဟာ နာကျင်မှု ဝေဒနာ ကို အပတ်စဉ် ခံစားရလေ့ ရှိတယ် လို့သိရှိရပါတယ်။သင်ရဲ့ နာကျင်မှု ဝေဒနာတွေကို သင့်မီးဖိုချောင် ဒါမှမဟုတ် သင့်ရေခဲသေတ္တာထဲက ပစ္စည်းတွေ အသုံးပြုတာ နဲ့ပျောက်ကင်း နိုင်တဲ့ အကြောင်းကို သုတေသန ပြုချက်အရ သက်သေပြထား နိုင်တာမို့နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါ တယ်။


(၁)ရေယုန် ပေါက်နေသလား? ပျားရည် အသုံးပြုပါ။
ရေယုန် ဖြစ်နေရင် အနာပေါ်ကို ပျားရည်နဲ့တစ်နေ့လေးကြိမ် တို့ပေးပါက အနာကျက်တာဟာ ဆေးဝါး အသုံးပြုတာ ထက် ၄၃%မြန်ဆန် နိုင်ပါတယ်။ပျားရည်မှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာရောင်ရမ်းမှုကို လျော့ကျစေပြီး ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးကို ဖျက်ဆီး နိုင်လို့ပါလို့လေ့လာမှု ပြုသူတွေက ဆိုပါတယ်။

(၂)ကြွက်သားတွေ တောင့်တင်း ညောင်းညာ နေပါသလား? ခရမ်းချဉ်သီး ဖျော်ရည်သောက်ပါ။

အမျိုးသမီး ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ခြေထောက် ကြွက်တက် တတ်ပါတယ်။ညောင်းညာ ကိုက်ခဲနေရင်ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်ကို နေ့စဉ် သောက်ပေးပါ။ခရမ်းချဉ်သီး ဖျော်ရည်မှာ ပါဝင်တဲ့ များစွာသော ပိုတက်စီယမ်တွေကြောင့် ၁၀-ရက် အတွင်း ကြွက်သား တောင့်တင်းတာ သက်သာ သွားနိုင်ပါတယ်လို့သုတေသန အရ တွေ့ရှိထားခဲ့ပါတယ်။

(၃)ရေနွေးပူ လောင်နေပါသလား? လက်ဖက်ခြောက်အိတ် (tea bag)ကိုအသုံးပြုပါ။
လက်ဖက်ခြောက်မှာ ပါဝင်တဲ့ tannins တွေဟာ ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး အပူလောင်တာကြောင့် ဖြစ်တဲ့ နာကျင်မှု ဝေဒနာကို ငါးမိနစ် အတွင်း သက်သာသွားနိုင်ပါတယ်လို့UCLAက ပြုလုပ်တဲ့ သုတေသန အရ သိရပါတယ်။အပူလောင်တဲ့ နေရာကို အရင်ဆုံး ဘုံပိုင်ရေနဲ့နှစ်မိနစ်ခန့်စိမ်ထားပါ။ပြီးရင် စွတ်စိုပြီး အေးနေတဲ့ tea bagနဲ့ပူစပ်ပူလောင် ဖြစ်နေတာ ပျောက်ကင်းတဲ့ အထိ ကပ်ထားပေးပါ။

(၄)လေပွပြီး အစာမကြေ ဖြစ်နေသလား?
နာနတ်သီးစားပါ။ နာနတ်သီးဟာ သဘာဝ ဆီးရွှင်ဆေး ဖြစ်တဲ့ အပြင် သူ့မှာ ပါဝင်တဲ့ အစာခြေ အင်ဇိုင်းတွေက ပရိုတင်း ခေါ်တဲ့ အသား ဓာတ်တွေ အချဉ် မဖောက်နိုင်ခင်မှာပဲ ချေဖျက် ပေးနိုင်ပါတယ်။ နာနတ်သီး ဖျော်ရည် တစ်ခွက်သောက်တာဟာ ၇၂-နာရီ အတွင်း လေပွတာနဲ့လေထိုးတာ သက်သာစေနိုင်တယ်လို့Stanford တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

(၅)ခါးကိုက်ခါးနာ ဖြစ်နေသလား?
စပျစ်သီးစားပါ။ အနီရောင် စပျစ်သီး တစ်ခွက်စားတာကြောင့် သွေးကြောတွေ relax ရရှိစေပြီး ခါးနောက်ကျော တစ်သျှူးတွေထံ သွေး ရောက်ရှိမှု များစေနိုင်တဲ့ အတွက် စားအပြီး သုံးနာရီ အတွင်း ပျက်စီးနေတဲ့ တစ်သျှူးတွေ ပြန်လည် ကောင်းမွန်လာကာ နာကျင် မှု ဝေဒနာ သက်သာ နိုင်ပါတယ်။

(၆)ရင်ပူနေသလား? ရှာလကာရည်(Cider Vinegar) သောက်ပါ။
အစာ မစားခင်မှာ ထမင်းစားဇွန်း တစ်ဇွန်းစာ ရှာလကာရည်ကို ရေတစ်ဖန်ခွက်နဲ့ရောစပ်ပြီးသောက်ပေးပါက ရင်ပူ ဝေဒနာ ပျောက်ကင်း သွားနိုင်ပါတယ်။ရှာလကာရည်မှာ ပါဝင်တဲ့ အစာခြေ အက်စစ်တွေက အစာအိမ်မှ အစာတွေ အစာမျိုပြွန်ကို ဆန်မတက်ခင်မှာပဲ အစာအိမ်မှ ထွက်သွားစေနိုင်လို့ပါလို့ Restoring your digestive health စာအုပ်ကို ရေးသားသူ Joseph, M.D က ဆိုပါတယ်။
(၇)ဒူးနာနေပါသလား? ချင်းစားပေးပါ။

ချင်းမှုန့်ထမင်းစားဇွန်း နှစ်ဇွန်း ဒါမှမဟုတ် ချင်းအနှစ် ဇွန်းတစ်ဝက်စာကို နေ့စဉ် စားသုံးပေးရင် ခြောက်ပတ်အတွင်း ဒူးနာဝေဒနာ သက်သာနိုင်တယ်လို့ Miami တက္ကသိုလ်မှ လေ့လာမှု အရ အကြံပြု ထားပါတယ်။
TIPS —-ရေသောက်ဖို့မမေ့ပါနှင့်
နေ့စဉ် ဖန်ခွက် ရှစ်ခွက်စာ ရေသောက်တာကြောင့် တစ်ပတ်အတွင်း နာကျင်မှု ဝေဒနာ အများစု သက်သာသွားနိုင်ပါတယ်။ရေဟာ ဒဏ်ရာ ရရှိနေတဲ့ တစ်သျှူးတွေမှ ထွက်ရှိလာတဲ့ နာကျင်မှု ဝေဒနာကို လှုံ့ဆော်တဲ့ ဓာတ်ပေါင်း histamine ကို အားပျော့ စေနိုင်ပြီး ခန္ဓာကိုယ်မှ ထွက်ရှိသွားအောင် ပြုလုပ် နိုင်လို့ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*