
ယာဉ်ကြော ပိတ်ဆို့မှုဟာ အားလုံး အတွက် အနှောင့်အယှက် ဖြစ်နေပြီး လိုရာ ခရီးကိုသွားဖို့ အချိန်ပေးနေရတာကြောင့် အလုပ်လုပ်ရာမှာ ကြန့်ကြာမှု တွေ ဖြစ်စေပါတယ်။ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ဟာ ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးနေရာ တွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ယာဉ်ကြော ပိတ်ဆို့မှုကို စိတ်မရှည်တဲ့ သူတွေ အတွက် ဝန်ဆောင်မှုတစ်ခု မိတ်ဆက်ခဲ့ရာ မှာ မျှော်လင့်ထားတာထက် ပိုမိုအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ဒီဝန်ဆောင်မှုက ရဟတ်ယာဉ် အငှား ဝန်ဆောင်မှုဖြစ်ပါတယ်။ ရဟတ်ယာဉ်ကို တက္ကစီလို သဘောထားပြီး ပြေးဆွဲပေးနေခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ခရီးဝေး ပုံမှန်သွားပြီး အလုပ်ဆင်းနေရတဲ့သူတွေ ယာဉ်ကြော ပိတ်ဆို့မှု ကနေ သက်သာစေဖို့ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးမှုကို ပြုလုပ် ပေးခြင်း ဖြစ်ပါတယ်။
ကနဦးအနေနဲ့ ဘေဂျင်းနဲ့ တန်ဂျင်း ခရီးစဉ်ကို စတင်ခဲ့ပြီး ဒီခရီးစဉ်ဟာ (၁၄၂) မိုင်သာ ကွာဝေးပါတယ်။ ရဟတ်ယာဉ် စီးနင်းခကတော့ တစ်ဦး ကို ပေါင် (၃၆၀) ကုန်ကျမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို ပြီးခဲ့တဲ့ မေ (၁၅)ရက်က စတင်ခဲ့ပြီး သုံးရက် စမ်း သပ်ပြေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ ခရီးစဉ်ကို လိုက်ပါလို သူဦးရေဟာ (၁၀၀၀၀)နီးပါး အထိ ရှိခဲ့ပြီး၊ (၁၀၀)ဦးသာ ပို့ဆောင်ပေး နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ရဟတ်ယာဉ်တွေ ကို စစ်တပ် ကသ ာ အများဆုံး အသုံး ပြုနေတာ ဖြစ်ပြီး ဒီလိုဝန်ဆောင်မှုပေး ခြင်းကြောင့် အသစ်အဆန်း တစ်ခုလို ဖြစ်ခဲ့ပါတယ်။ တရုတ ်အစိုးရ အနေနဲ့ လေယာဉ်ပျံသန်းမှု စည်းမျဉ်းတွေကို ဖြေလျော့ပေးခဲ့ပါက လာမယ့်ငါးနှစ်အတွင်း ရဟတ်ယာဉ် နဲ့ လေယာဉ်ပျံ အသေးစားတွေကို အများဆုံး အသုံးပြုမယ့် နိုင်ငံ ဖြစ်လာဖွယ် ရှိတယ်လို့ သိရပါတယ်။
Leave a Reply