ကြည့်ရဆိုးတဲ့မေးနှစ်ထပ်တွေကိုBye Byeလုပ်လိုက်ရအောင်…

1. မျက်နှာအနေထားကိုပုံစံမှန်အောင်ထားပါ


ဖုန်းကြည့်တဲ့အခါပဲဖြစ်ဖြစ် စာအုပ်ဖတ်တဲ့အခါပဲဖြစ်ဖြစ် ခေါင်းကြီးကိုအတင်းငုတ်ပြီးဖတ်တာမျိုး ၊ မျက်နှာကိုအောက်စိုက်ပြီးဖတ်တာမျိုးတွေဟာ မေးနှစ်ထပ်ဖြစ်ခြင်းကိုအားပေးနိုင်တဲ့အရာတွေပါ။ ဒါကြောင့် ဘာပဲလုပ်လုပ်မျက်နှာကို အရမ်းအောက်စိုက်ပြီးအချိန်ကြာကြာလုပ်တတ်တဲ့အကျင့်မျိုးကိုရှောင်ပါ။

2. မျက်နှာ နဲ့ပါးစပ်ကိုလေ့ကျင့်ခန်းလုပ်ပါ

ပုံပါအတိုင်း ပါးစပ်နဲ့မျက်နှာကို လေ့ကျင့်ခန်းလုပ်ပေးပါ။ အားရင်အားသလို အဆင်ပြေရင်ပြေသလို ဒီလိုလေးတွေလုပ်လုပ်ပေးခြင်းဟာ မေးနှစ်ထပ်ဖြစ်ခြင်းကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။

3. မျက်နှာကိုနှိပ်နယ်ပေးပါ


မျက်နှာသစ်တဲ့အချိန်တွေမှာ မျက်နှာကို လက်နှစ်ဖက်နဲ့အညင်အသာ နှိပ်နယ်ပေးတာမျိုးကို ပြုလုပ်ပါ။ အထူးသဖြင့်မေးစေ့ပတ်လည်နဲ့ပါးရိုးအကျတွေကိုသေချာစွာနှိပ်နယ်ပေးခြင်းကလည်းမေးနှစ်ထပ်တွေကို တိုက်ထုတ်နိုင်ပါတယ်။

4. လက်ဖဝါးနဲ့ရိုက်ရိုက်ပေးပါ


မေးနှစ်ထပ်ဖြစ်လာတဲ့အခါ သိတဲ့အချိန်ကစပြီးအားရင်အားသလို လက်ဖဝါးးအပေါ်ဘက်နဲ့တွဲကျနေတဲ့မေးနှစ်ထပ်ကို အပေါ်ကိုရိုက်ရိုက်တင်ပေးပါ။ ဒီနည်းကရှိနေပြီးသားဖြစ်တဲ့မေးနှစ်ထပ်ကိုသိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*