မွေးနေ့ရှင်က အစစ်က ဘယ်သူလဲ ????

မွေးနေ့ဆိုတာ မိမိမွေးတဲ့နေ့ဆိုတာတော့ မှန်သော်လည်း တကယ်တမ်းကျတော့ မိခင်အသက်လုရတဲ့နေ့ဆိုရင် ပိုမှန်နေမလားလို့ပါ။
များသောအားဖြင့် မွေးနေ့ပွဲလုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် မွေးနေ့ပိုင်ရှင်က မိမိရဲ့အမေဖြစ်နေတယ်ဆိုတာကို သတိမထားမိကြဘူး။ မိမိအမေသာလျှင် မွေးနေ့ပိုင်ရှင်ဖြစ်ပါတယ်။


မွေးနေ့ပိုင်ရှင်ကို ဥပေက္ခာပြုပြီး သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မွေးနေ့ပွဲကျင်းပတယ်ဆိုတာ တစ်ခုခုလွဲချော်နေသလားလို့ စာရေးသူသတိပြုမိပါ၏။

ဘာပဲပြောပြော မိမိရဲ့မွေးနေ့ရက်လေးမှာ မိမိရဲ့မွေးနေ့ပိုင်ရှင်ဖြစ်တဲ့ မိခင်အား၊ အမေအတွက်…တစ်ခုခုပေါ့။
ကျန်းမာစေကြောင်း အလှူ လေးတစ်ခုခုလုပ်ပြီး ဆုတောင်းပေးလိုက်ရင် ပိုပြီးသင့်တော်၊ အဆင်ပြေမလားလို့ စာရေးသူတွေးမိပါ၏။
မည်သို့ပင်ဆိုစေကာမူ မိမိရဲ့မွေးနေ့ပိုင်ရှင်အတွက်တော့ ဆုလေးတစ်ခုခု တောင်းပေးပြီး မိမိရဲ့ မွေးနေ့ပိုင်ရှင်ကို အသိအမှတ်ပြုပေးစေချင်ပါ၏။

မိမိသည် မွေးနေ့ရှင်သာဖြစ်ပြီး မွေးနေ့ပိုင်ရှင်မဟုတ်ကြောင့် စာဖတ်သူအပေါင်း သတိပြုမိကြပါစေ…

Be the first to comment

Leave a Reply

Your email address will not be published.


*