ချစ်သူဖြစ်သူကို စိတ်မချလို့ အဝလွန်အောင် ပြုလုပ်ခဲ့

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်ဒေသမှာ နေထိုင် တဲ့ ယူပန်ဟာ ချစ်သူဖြစ်သူကို စိတ်မချလို့ အဝလွန်အောင်ပြုလုပ်ခဲ့တယ်လို့ ချိုင်းနား ဒေးလီးသတင်းတစ်ရပ်မှာ ရေးသားဖော်ပြ ထားခဲ့ပါတယ်။ ယူပန်မှာ အရမ်းလှပ ချောမောတဲ့ ယန်တန်အမည်ရှိ အမျိုးသမီး ချစ်သူတစ်ဦး ရှိပါတယ်။ ယူပန်ဟာ ယန်တန်နဲ့ ချစ်ကြိုက်နေ တာ (၂) နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။


ယူပန်ရဲ့ချစ်သူ ယန်တန်ဟာ အစောပိုင်းမှာ ကိုယ်အလေးချိန် (၉၈) ပေါင်သာ ရှိခဲ့တာဖြစ်ပါတယ်။ ယန်တန်ရဲ့ ပုံစံဟာ ပြေပြစ် ချောမော လှပလွန်းတာမို့ ယူပန်က စိတ်မချနိုင်အောင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယူပန်ဟာ ချစ်သူဖြစ်သူ ယန်တန်ကို အဝလွန်အောင် ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီနောက် အဝလွန်တဲ့ အစားအစာတွေကိုပဲ အဆက်မပြတ် ကျွေးမွေးခဲ့ပါတယ်။ အကျိုးဆက် ကတော့ ယန်တန် ဟာ မူလကိုယ်အလေးချိန်ထက် နှစ်ဆနီးပါး ပိုမိုလာခဲ့ပါတယ်။


ယူပန်ဟာ ယန်တန် အဝလွန်သွားခဲ့ လို့ရှိရင် ကြည့်ရဆိုး သွားပြီး အခြားသူတွေ အနေနဲ့ လာရောက်ချစ်ရေး ဆိုတော့မှာ မဟုတ်တော့ဘူးလို့ ယူဆခဲ့ တာကြောင့် အဝလွန်အောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ယန်တန်ရဲ့ ကိုယ်အလေးချိန်မှာ (၁၉၆) ပေါင်အထိရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ယူပန်ကတော့ ယန်တန် အဝလွန်တာကို နှစ်သက် သဘောကျ နေပါတယ်။ ယူပန်ဟာ အချစ်ရဆုံးသူ ဖြစ်တဲ့ ယန်တန် အဝလွန်လာမှုကို စိတ်ပျက်ခဲ့ခြင်း မရှိဘဲ အစားအစာတွေ စားပြီး ပျော်ရွှင်စွာ ဓာတ်ပုံ ရိုက်ကူးမှု ကိုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*