စာလုံးပေါင်းမှားရေးမိရာကနေ အဓိပ္ပာယ်ပါ မှားယွင်းသွားရတဲ့ မွေးနေ့ကိတ် ရဲ့ အဖြစ်

စကော့တလန်နိုင်ငံသူ မိခင် တစ်ယောက်က သူ့သမီးငယ်ရဲ့ မွေးနေ့ကိတ်အတွက် “ ရွှေအိုရောင်ဆံပင်နဲ့ကောင်မလေးတစ်ယောက်” (Wee Blonde Girl) ပုံလေးနဲ့ ကိတ်မုန့်တစ်လုံး မှာယူခဲ့ပေမယ့် အလိုလျောက်စာလုံးပေါင်းပြင်ဆင်ချက်ကြောင့် “Blonde” ကနေ “Blind” အဖြစ်ပြောင်းလဲသွားတာကြောင့် ထူးဆန်းတဲ့ကိတ်မုန့်တစ်လုံး ဖြစ်သွားခဲ့ရပါတယ်။

Lanarkshire မှာနေထိုင်တဲ့ Emily Seggie က Twitter မှာ သူ့ညီမငယ်ရဲ့မွေးနေ့ကိတ်ပုံလေးကို Twitter မှာ ဖော်ပြထားခဲ့ပါတယ်။ ကိတ်မုန့်ဖုတ်သူဆီကို သူ့အမေက “Wee Blind Girl” ဆိုပြီး အရုပ်ကလေးတင်ပေးဖို့ ဖုန်းမက်ဆေ့ချ်ပို့ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ကိတ်မုန့်ပေါ်က ကောင်မလေးဟာ ရွှေအိုရောင်ဆံပင်တွေအစား အနက်ရောင်ဆံပင်လေးနဲ့ဖြစ်နေပြီး မျက်လုံးလေးတွေပိတ်ကာ လက်ထဲမှာလည်း တုတ်ကောက်တစ်ချောင်းကိုင်ထားပါသေးတယ်။

Seggie က Buzzfeed News ကို “ ရွှေအိုရောင်ဆံပင်တွေမဟုတ်လို့ အမေကအံ့သြနေတာ။ မက်ဆေ့ချ်ပို့တုန်းက စာလုံးပေါင်းတွေကို အလိုလျောက်ပြင်သွားတာကြောင့် ဆိုတာကိုသိသွားတော့ တော်တော်ရယ်လိုက်ရပါတယ်။ ဘယ်သူ့ကိုမှ မထိခိုက်စေဖို့လည်း မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*