ခြေထောက် အရှည်ဆုံး အမျိုးသမီး

သင်တွေ့ဖူးသမျှ အမျိုးသမီးတွေ ထဲမှာတော့ သူဟာ ခြေထောက် အရှည်ဆုံးသူ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ခြေထောက် အရှည်က(၄၅) လက်မ အထိ ရှိနေ တာကြောင့် ဖြစ်ပါတယ်။ ရှည်လျားတဲ့ ခြေထောက်ကြောင့် ထင်ရှားသူ ဖြစ်လာခဲ့ပြီး အင်တာနက်တွေက တစ်ဆင့် ပေါ်ပြူလာဖြစ်ပြီးနောက် မော်ဒယ်ဘဝကို ရောက်လာ သူလည်း ဖြစ်ပါတယ်။

သူ့ အမည် ကတော့ ဒွန်လီဖြစ်ပြီး အသက် (၂၀)နှစ်သာရှိသေးကာ တရုတ် နိုင်ငံ၊ အရှေ့ ပိုင်း အန်ဟွာဒေသမှာ နေထိုင်ပါတယ်။ အရပ်(၅ပေ၊ ၁၁လက်မ)ရှိတဲ့ ဒွန်လီရဲ့ ခြေထောက် အရှည်ဟာ တရုတ်နိုင်ငံမှာရှိတဲ့ အသက် (၇)နှစ် အရွယ်ကလေး တစ်ဦးရဲ့ ပျှမ်းမျှရှိသင့်တဲ့ အရပ်နဲ့ တူညီမူရှိတယ်လို့ သိရပါတယ်။

ဒွန်လီဟာ ရှည်လျားတဲ့ ခြေထောက် ကြောင့် မော်ဒယ်ပြိုင်ပွဲတွေမှာ ဒိုင်လူကြီး တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။ ဒွန်လီဟာ အသက် (၁၆)နှစ် ကတည်းက အရပ် (၅ပေ၊ ၉ လက်မ) အထိရှိခဲ့တာဖြစ်ပါတယ်။ ဒါ ကြောင့် မိဘတွေက လှောင်ပြောင် ခံရမှာ စိုးရိမ်ခဲ့ပါတယ်။ ဒွန်လီဟာ မိဘမျိုးရိုး လိုက်ပြီး အရပ်ရှည်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒွန်လီရဲ့ ဖခင်ဖြစ် သူက (၆ပေ၊ ၁လက်မ)ရှိပြီး မိခင် ဖြစ်သူက (၅ပေ ၊ ၇) လက်မရှိ ပါတယ်။ ဒွန်လီ မိဘတွေက တက္ကသိုလ် ဆရာမ တစ်ဦး ဖြစ်ချင်ခဲ့ပေမယ့် ဘွဲ့ရအပြီးမှာတော့ မော်ဒယ်လောကထဲ ဝင်ရောက်ခဲ့ပါတယ်။ ဒွန်လီရဲ့ ဓာတ်ပုံကို ပရိသတ် တစ်ဦးက မြင်တွေ့ ပြီးနောက် မော်ဒယ် လောကထဲ ဝင်ရောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ ဒွန်လီအတွက် အားဖြစ်ခဲ့ပြီး မော်ဒယ်လောကထဲရဲဝံ့စွာ ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒွန်လီက မိမိအနေဖြင့် လက်ရှိဖြတ် သန်းနေရတဲ့ ဘဝကိုနှစ်သက် မိကြောင်း၊ မိမိအနေဖြင့် ပိုမို အောင်မြင် လာအောင် ကြိုးစား သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က နယူးယော့ခ်မှာ ရှိတဲ့ မော်ဒယ် ဘရွတ်ကီဘန်ကာရဲ့ ခြေထောက် အရှည်ကို တိုင်းကြည့် ခဲ့ရာမှာ (၄၇) လက်မ အထိ ရှိခဲ့ပါတယ်။ အမျိုးသမီးတွေ ထဲမှာ ဂင်းနစ် စံချိန်တင် ထားတဲ့ သူကတော့ ရုရှားဘတ်စကက်ဘော ကစားသမားဟောင်း ပန်ကရာတိုဗာ ဖြစ်ပြီး သူ့ရဲ့ ခြေ ထောက် က (၅၁ ဒသမ ၉) လက်မ အထိရှိ ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*