လေ့လာချက်တွေအရ မွေးချင်းမောင်နှမနံပါတ်စဉ်ကိုကြည့်ပြီး သင့်ရဲ့အချစ်ရေးအခြေအနေကိုသိနိုင်

ချစ်ရေးချစ်ရာကိစ္စတွေဆိုတာ ရှုပ်ထွေးနက်နဲလွန်းပါတယ်။လေ့လာချက်အသစ်အသစ်တွေကလည်းထွက်ပေါ်နေသလို အချစ်နဲ့ပတ်သက်တဲ့ယူဆချက်တွေ၊ဒဿနတွေကလည်းတစ်နေ့တစ်ဖုံမရိုးရအောင်ပါပဲ။ဒီလို အချစ်ရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအချက်လေးလည်းရှိပါသေးတယ်။ဘာလဲဆိုတော့ ကိုယ်က တစ်ဦးတည်းသောသမီးလား၊ဒါမှမဟုတ် မွေးချင်းထဲမှာအကြီးဆုံးလား။အလတ်လား၊အငယ်ဆုံးလားဆိုတာပေါ်မူတည်ပြီး ကိုယ်ကအချစ်ရေးနဲ့ပတ်သက်ပြီးဘယ်လိုသဘောထားလဲ၊ဘယ်လိုကိုင်တွယ်နိုင်လဲဆိုတာတွေ့ရှိထားပါတယ်တဲ့။လေ့လာချက်အတိုင်း ဟုတ်ရဲ့လားကြည့်လိုက်ပါဦး။

သင်က မောင်နှမတွေထဲမှာ အကြီးဆုံးလား?

သင်ဟာ မွေးချင်းမောင်နှမတွေထဲမှာ အစ်ကိုကြီး၊အစ်မကြီး ဖြစ်တယ်ဆိုရင်တော့ သင်ဟာ ဘယ်အခြေအနေကိုမဆို ထိန်းချုပ်နိုင်တဲ့ သဘော၊ ဦးဆောင်နိုင်တဲ့သဘော ရှိနေပါတယ်။အချစ်ရေးမှာ တည်ငြိမ်တယ်ပေါ့။ပြီးတော့ အကြီးဆုံးတွေက အငယ်တွေထက်လည်း ရည်မှန်းချက်ရှိတတ်တာကြောင့် အနာဂတ်အတွက်လည်းကြိုပြီးတွေးထားတတ်ကြပါတယ်။အကြီးဆုံးပီပီ ချစ်သူနဲ့နှစ်ယောက်သား လက်တွဲနေစဉ်မှာတောင် ဦးဆောင်နိုင်တဲ့သူတစ်ယောက်အဖြစ်ရှိနေတတ်ပါတယ်။

မောင်နှမတွေထဲမှာ သင်က အလတ်တစ်ယောက် ဖြစ်မယ်ဆိုရင်တော့…

သင်ဟာ အခြေအနေပေါ် မူတည်ပြီး အလိုက်သင့်ဆောင်ရွက်ဖို့ ဘယ်တော့မှ မကြောက်တတ်ပါဘူး။ခေါင်းမာတတ်တာလည်း အလတ်တွေရဲ့သဘာဝလို့တောင်ပြောရမလားပဲ။ Match.com ရဲ့ပြောကြားချက်အရဆိုရင် အလတ်တွေဟာ သင့်တော်ကောင်းမွန်တဲ့လက်တွဲဖော်တွေပါတဲ့။ ဘာလို့လဲဆိုတော့ သူတို့ဟာ အခြေအနေအရပ်ရပ်ကို သုံးသပ်တတ်ပြီး အရာရာကို အေးဆေးအဆင်ပြေအောင် လုပ်ဆောင်တတ်တဲ့အပြင် အကြီးနဲ့အငယ်ကြား ဘယ်လိုနေရမလဲဆိုတာကို သိမြင်ကိုင်တွယ်နိုင်တဲ့အတွက် အချစ်ရေးမှာလည်း ကိုယ့်ချစ်သူအပေါ် အကောင်းဆုံးဘယ်လိုနားလည်ပေးနိုင်မလဲဆိုတာ သူတို့ကသိကြပါတယ်။အချစ်ရေးက ဆေးဆေးပဲပေါ့။

မွေးချင်းထဲမှာ အငယ်ဆုံးတစ်ယောက် ဖြစ်မယ်ဆိုရင်တော့…

ညီအစ်ကို၊မောင်နှမသားချင်းတွေထဲ သင်က အငယ်ဆုံးတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ အငယ်ဆုံးပီပီဆိုးတာလေးတွေတော့ရှိပါတယ်။တစ်ခြားသူတွေရဲ့အာရုံစိုက်ခံချင်တာ၊ဂရုစိုက်ခံချင်တာ၊ဦးစားပေးခံချင်တာပေါ့။ဒါ့အပြင်တစ်ခါတစ်လေလည်း စိတ်အလိုမကျရင် သောင်းကျန်းတတ်သေးတာပါ။ အချစ်ရေးမှာလည်း တစ်ခါတစ်လေ စိတ်အလိုမကျရင် နည်းနည်းသောင်းကျန်းချင်တဲ့အငယ်ဆုံးတွေပါ။အိမ်မှာဆိုးလို့ရသလို အချစ်ရေးမှာလည်းဆိုးနွဲ့ချင်တဲ့သဘော။အငယ်ဆုံးလေးတွေက ခေါင်းမာပေမယ့် စိတ်ထဲရှိတဲ့အရာကိုတော့ ကြိုးစားပြီး အကောင်အထည်ဖော်တတ်ပါတယ်။တစ်ခါတစ်လေ ချစ်သူအပေါ်ဆိုးချင်၊အနိုင်ယူချင်တဲ့စိတ်လေးကိုတော့ ထိန်းသိမ်းဖု့ိလိုပါတယ်။သူက ကိုယ့်အပေါ်နားလည်တယ်ဆိုတော်သေး။သူလည်းအငယ်ဆုံးဆိုရင်တော့ :3

တစ်ဦးတည်းသော သား၊တစ်ဦးတည်းသောသမီး ဖြစ်မယ်ဆိုရင်တော့…

မွေးချင်းမောင်နှမမရှိတဲ့ တစ်ဦးတည်းသောသား၊တစ်ဦးတည်းသော သမီးဖြစ်တယ်ဆိုရင်တော့ သင်က သူများမောင်နှမတွေကိုအားကျသလို ချစ်သူအပေါ်လည်း အစ်ကို၊အစ်မတစ်ယောက်လို၊မောင်လေးညီမလေးတစ်ယောက်လို ဂရုစိုက်ပေးချင်တဲ့စိတ်မျိုးရှိတတ်ပါတယ်။သူတို့အပေါ်သေချာ တာဝန်ယူချင်စိတ်လည်း ရှိပြီး ကိုယ့်ချစ်သူက စိတ်ချရတဲ့သူတစ်ယောက်ဖြစ်အောင် နေထိုင်တတ်ပါတယ်။တစ်ဦးတည်းသောကလေးတွေကတော့ တစ်ယောက်တည်းဖြစ်လို့ ရင့်ကျက်တဲ့အပြင် အချစ်ရေးမှာလည်း ကိုယ့်ချစ်သူကိုတွယ်တာသံယောဇဉ်ကြီးပြီး တစ်ယောက်ဆိုတစ်ယောက်ချစ်တတ်သစ္စာရှိတတ်ကြပါတယ်တဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*