“လူတစ်ယောက်ရဲ့ စိတ်ထားဟာ ကံတရားပါ”

တစ်ခါက သူဌေးတစ်ဦးဟာ ခြံတစ်ခြံ ဝယ်လိုက် တယ်။ ခြံထဲက အိမ်ကိုပြင် လိုက်တယ်။ ခြံနောက်မှာ နှစ်ချို့သစ်သီးပင်တွေ ရှိတယ်။ ဒီအိမ်ကို ဝယ်ရတဲ့ အကြောင်းရင်းက အဲဒီ သစ်သီး ပင်တွေကြောင့် ပါပဲ။

အဲဒီ အသီးတွေကို သူဌေးကတော် ကြိုက်နှစ်သက် လို့ပါ။ အိမ်ပြင်နေချိန် အတွင်းမှာ မိတ်ဆွေ တချို့က ဗေဒင်ဆရာခေါ်ပြီး ကံကြမ္မာ ကိုကြည့်ဖို့ သူဌေးကို အကြံပေး တယ်။ သူဌေးက ဒါတွေကို အယုံအကြည် ရှိ သူတော့ မဟုတ် ပါဘူး။

ဒါပေမယ့် မိတ်ဆွေတွေ က အကြံပေးတော့ ဗေဒင် ဆရာခေါ်ဖို့ စဉ်းစား လိုက်တယ်။

ဗေဒင်ဆရာက နာမည်ကြီး တစ်ဦးပါ။ ဆရာကို အဝေးကြီး ကနေ ပင့်ဖိတ်ပြီး ဘူတာမှာ သူဌေးကိုယ်တိုင် သွားကြို ခဲ့ပါ တယ်။ ဆရာ့ကို ခေါ်ပြီး အိမ်ကိုပြန်ရာ လမ်းမှာ သူဌေးဟာ သူ့ကားကို ကျော်ဖို့ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေး ခဲ့ ပါတယ်။

ဒါကို ဗေဒင်ဆရာကတွ့တော့ “ခင်ဗျားကား မောင်းတာ တော်တော် တည်ငြိမ်တာပဲ” လို့ဆိုတယ်။ သူဌေးက “ကားကျော်ဖို့ကြိုးစား သူတိုင်းဟာ အရေးကြီးတဲ့ ကိစ္စ တစ်ခုခု ရှိလို့ေ နမှာပါ။ သူတို့ သွားလို ရာလမ်းမှာ အချိန်နှောင့်နှေးလို့ မဖြစ်ဘူး” လို့ ရယ်ပြီး ပြောပါတယ်။

အိမ်နားရောက်ခါနီး လမ်းကျဉ်း တစ်ခုမှာ သူဌေးက ကားအရှိန် ကိုလျော့လိုက် ပါတယ်။ ကလေးငယ် တစ်ယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေး လာပါ တယ်။ သူဌေးက ကားဘရိတ် အုပ်ပြီး လမ်းဘေး ချထား လိုက်တယ်။

ကလေးငယ် ဖြတ်ကျော် သွားပေမယ့် သူဟာ ကားဆက် မမောင်းဘဲ ဘရိတ်ကို နင်းပြီး လမ်းကြားဘက် ကြည့်နေ တုန်းပါ။ တစ်ခုခုကို စောင့်နေသလို ပါပဲ ခဏနေတော့ ကလေးငယ်နောက် တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေး လာပြန် ပါတယ်။

ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေး သွားပါ တယ်။ ဒါကို ဗေဒင်ဆရာက “နောက်မှာ ကလေးတစ်ယောက် ရှိသေး တယ်ဆိုတာ ခင်ဗျား ဘယ်လို သိလဲ” လို့မေးပါတယ်။

သူဌေးက .. “ကလေးဆိုတာ တစ်ယောက်ကို တစ်ယောက် ပြေးလိုက် .. လိုက်လိုက် ဆော့ကစား ကြတယ်။ သူ့တစ်ယောက် တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင်ပြေး လွှားနေမှာ မဟုတ်လို့ပါ..” လို့ဆို တယ်။

အိမ်ကို ပြန်ရောက်တော့ သူဌေးက ကားပေါ်က ဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပျံ သွားတာကို တွေ့လိုက် တယ်။ သူဌေးက ခြံတံခါးမဖွင့်သေးဘဲအားနာတဲ့ ပုံစံနဲ့ “ဆရာ… ခဏလောက် စောင့်ပါနော်” လို့ဆိုတယ်။

ဘာကြောင့်လဲ လို့ ဆရာကမေးတော့ သူဌေးက “အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုး နေတယ် ထင်တယ်။ ကျွန်တော်တို့ အခုချိန်ဝင် သွားရင် ကလေးတွေ လန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင် ခြေလက်တွေ ကျိုးမှာ စိုး တယ်။

သူတို့ကို ပေးခူးလိုက်မယ်… ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင်ပတ် ကြည့်ကြ တာပေါ့” လို့ဆိုတယ်။

သူဌေးရဲ့ပြောစကားကို ကြားတော့ ဆရာက တစ်ချက် စဉ်းစား လိုက်ပြီး “ကျွန်တော့်ကို ဘူတာ ပဲပြန်ပို့လိုက်ပါ။ ဒီအိမ်သားတွေရဲ့ကံကြမ္မာကို ကျွန်တော် မကြည့်တော့ ပါဘူး” လို့ပြောတယ်။

သူဌေးက တအံ့တသြနဲ့ ဘာဖြစ် လို့လဲ မေးတော့ ဆရာက “ဟုတ်ပါတယ်… ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ်ကောင်းတဲ့ နေရာမို့ပါ” လို့ရှင်းပြ တယ်။

လူရဲ့အပြုအမူက ကံတရား ဖြစ်ပါတယ်။ အပြုအမူ လုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရား လက်ကိုင် ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့ အရပ်ဟာ ကံကောင်းတဲ့ အရပ်ဖြစ် တယ်။၏

ဆန့်ကျင်ဘက် အနေနဲ့ အကျင့်စရိုက် မကောင်းသူ၊ ကိုယ်ချင် းစာတရား ကင်းမဲ့သူတွေဟာ ဘယ်လိုပဲ ကြိုးစား ရုန်းကန်လည်း အကျိုး မဖြစ်ထွန်းပ ါဘူး။ ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ် ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*