ကမ္ဘာကျော်ဇာတ်ကား “Titanic”နဲ့ပတ်သက်ပြီး ဒီလိုစိတ်ဝင်စားစရာအချက်တွေရှိနေတာ သင်သိရဲ့လား?

“Titanic” လို့ပြောလိုက်ရင် မသိတဲ့သူမရှိပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း ၁၉၉၇ ခုနှစ်ကနေ အခုချိန်ထိတိုင်အောင် ဒီနာမည်ထင်ရှားနေတယ်ဆိုကတည်းက ဘယ်လောက်ကောင်းတဲ့ ဒရာမာဇာတ်ကားလဲဆိုတာ သိသာနေပါပြီ။ကမ္ဘာတစ်ဝန်းလုံးက ပရိသတ်တွေရဲ့အကြိုက်ဆုံးဇာတ်ကားဖြစ်ခဲ့တဲ့ ဒီ “Titanic” ဇာတ်ကားနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်အလက်လေးတွေလည်း တွေ့ရှိခဲ့ပါတယ်။ပရိသတ်တွေလည်းသိချင်မယ်ထင်လို့ပြန်ပြီးမျှဝေလိုက်ပါတယ်နော်။

၁) မင်းသား Jack Dawson ရဲ့ဇာတ်ကောင်နေရာအဖြစ် Tom Cruise ၊ Brad Pitt ၊ Christian Bale ၊ Macaulay Culkin နဲ့ Matthew McConaughey တို့ကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ဒါပေမဲ့ ငယ်ရွယ်ပြီး နာမည်သိပ်မထင်ရှားသေးတဲ့ Leonardo DiCaprio က ဒီဇာတ်ကောင်နေရာကိုရရှိခဲ့တာပါတဲ့။အခုကျတော့ တကယ့်ထိပ်တန်းမင်းသားကြီးဖြစ်နေပါပြီ။

၂)Kate Winslet ကလည်း ဒီဇာတ်ကောင် Rose နေရာကိုလွယ်လွယ်ကူကူရခဲ့တာတော့မဟုတ်ပါဘူး။သူမနဲ့အတူ Madonna ၊Sharon Stone ၊ Nicole Kidman ၊ Gwyneth Paltrow ၊ Wynona Riderနဲ့ Uma Thurmanတို့ကလည်း ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ဒီဇာတ်ကောင်နေရာကိုရဖို့ kate က ဒါရိုက်တာဆီဖုန်းဆက်ပြီး သူမကိုငှားရမ်းဖို့ပြောခဲ့တယ်ဆိုတဲ့ကောလဟာလတွေထွက်ရှိခဲ့ပေမဲ့Kate က ငြင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဒါရိုက်တာကို “From your Rose” ဆိုတဲ့စာသားလေးနဲ့ နှင်းဆီပန်းလေးတွေပို့ခဲ့တယ်လို့တော့ ပြောပြခဲ့ပါတယ်။

၃)Titanic ရဲ့ကုန်ကျစရိတ်က သင်္ဘောတစ်စီးစာထက်တောင်ပိုများခဲ့ပါတယ်။ဒေါ်လာ သန်း ၂၀၀နီးပါးကုန်ကျခဲ့တာပါ။

၄)Titanic ရဲ့ဒါရိုက်တာ Cameron က သူ့ရဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ဘာသီချင်းမှမထည့်ချင်ခဲ့ပါဘူး။ဒါပေမဲ့ တေးရေးဆရာ James Horner က Celine Dion နဲ့တိုးတိုးတိတ်တိတ်အသံသွင်းခဲ့ပြီး အဲ့ဒီနောက်မှ ကတ်ဆက်ခွေကို ဒါရိုက်တာကိုပေးခဲ့တာပါ။အဲ့ဒီတုန်းက Celine Dion က သူမရဲ့သီချင်းကို သိပ်မကြိုက်ခဲ့ပေမဲ့ဇာတ်ညွှန်းဖတ်ပြီးတဲ့နောက်မှာ သူမရဲ့အမြင်ကိုပြောင်းလဲပြီး ပရိသတ်တွေငိုရလောက်တဲ့ My heart will go on ကိုထည့်ခဲ့တာဖြစ်ပါတယ်။


၅)DiCaprio ရဲ့ “I’m the king of the world?”ဆိုတဲ့စကားလေးကိုမှတ်မိကြသေးလား?တကယ်တော့ အဲ့ဒီစကားလေးက မူရင်းဇာတ်ညွှန်းထဲမှာမပါခဲ့ပါဘူးတဲ့။တမင်ထည့်ပြီးပြောခဲ့တဲ့စကားလေးပေါ့။

၆)ဒီ Titanic ဇာတ်ကားအတွက် ဘတ်ဂျက်ငွေက နဂိုမူလစီစဉ်ထားခဲ့တာထက် ၂ဆနီးပါးပိုပြီးကုန်ကျခဲ့တာဖြစ်သလို အဲ့ဒီအချိန်ကာလတုန်းက ငွေကုန်ကြေးကျအများဆုံးခံပြီးရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။

၇)Kate Winslet ရဲ့ဂါဝန်ကလည်း ရေစိုနေရင်ဖြစ်စေ၊ခြောက်သွေ့နေရင်ဖြစ်စေ ဘယ်လိုဖြစ်ဖြစ် ကြည့်ကောင်းနေစေဖို့သေချာစီစဉ်ချုပ်လုပ်ထားတာဖြစ်ပါတယ်တဲ့။

၈)Titanic ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းတစ်ချို့က တကယ့်အသက်ရှင်ကျန်ရစ်သူတွေရဲ့မှတ်ဉာဏ်အတိုင်းပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဥပမာ အမျိုးသားတစ်ယောက်က ကယ်ဆယ်ရေးလှေပေါ်ကို မိန်းကလေး ၂ယောက်ကိုတင်ပေးလိုက်ပြီး “This is not for long” ဆိုတဲ့စာသားလေးပြောခဲ့တဲ့ဇာတ်ဝင်ခန်းပါ။အဲဒါက တကယ်အသက်ရှင်ကျန်ခဲ့တဲ့မိန်းကလေးတွေပြောပြခဲ့တာပါ။

၉)ဒါရိုက်တာ Cameron ဟာ သူ့ရဲ့ဇာတ်ကောင်တွေကို သူဖန်တီးထားတာပဲဖြစ်ချင်ခဲ့ပေမဲ့ဇာတ်ညွှန်းပြီးဆုံးသွားတဲ့အချိန်မှာပဲ သင်္ဘောပေါ်မှာ Jack Dawson ဆိုတဲ့နာမည်နဲ့ခရီးသည်တစ်ယောက် တကယ်ပါခဲ့ကြောင်းသိလိုက်ရပါတယ်။

၁၀)ဇာတ်ကားနောက်ဆုံးပိုင်းမှာ Rose နဲ့ပျဉ်ချပ်အတူတူတွယ်သွားနိုင်ပေမဲ့လည်း Jack သေဆုံးလိုက်ရတာနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားအငြင်းပွားမှုတွေဖြစ်ခဲ့ပါသေးတယ်။ဒါရိုက်တာဖြစ်သူက တကယ်လို့ Jack သာ အသက်ရှင်ခဲ့မယ်ဆိုရင် ရုပ်ရှင်ကားတစ်ကားလုံးက အတော်လေးခြားနားကွဲပြားမှုတွေရှိသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်။ပြီးတော့ ဆုံးရှုံးမှုနဲ့ပတ်သက်တဲ့ဇာတ်ကားဖြစ်လို့ အဓိကဇာတ်ကောင်က သေကိုသေဆုံးရမှာပဲလို့ပြောခဲ့တာပါ။အဲ့ဒါကြောင့်လည်း Titanic ဇာတ်ကားဟာ ပရိသတ်တွေရင်ထဲ ထိခဲ့တဲ့ဇာတ်ကားဖြစ်ခဲ့တာပေါ့။

၁၁) Rose ရဲ့nake ပုံတူဆွဲခဲ့တဲ့ဇာတ်ဝင်ခန်းက Titanic ဇာတ်ကားစတင်ရိုက်ကူးတဲ့ပထမဆုံးရက်မှာပဲရိုက်ကူးခဲ့တာပါတဲ့။တစ်ယောက်နဲ့တစ်ယောက်လည်းမသိသေးတဲ့အချိန်ဖြစ်ပြီး တကယ့်စိတ်လှုပ်ရှားမှုတွေ၊ရှက်ရွံ့မှုတွေကိုသေချာရိုက်ကူးနိုင်ဖို့စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ Kate က Leo အတွက် စိတ်သက်တောင့်သက်သာဖြစေ်စဖို့ သူမရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကို ရိုက်ကူးရေးမစခင်မှာ ပြသခဲ့ပါတယ်တဲ့။

 

Be the first to comment

Leave a Reply

Your email address will not be published.


*